Zawgyi
ျမန္မာလုပ္သားဇနီးေမာင္ႏွံႏွစ္ဦး ဘတ္ေျခာက္သန္း ထိုင္းထီဆုႀကီး ဆြတ္ခူး
ထိုင္းႏိုင္ငံ နေကာ့ပထုန္ ခ႐ိုင္တြင္ အလုပ္လုပ္ကိုင္ေန ေသာ ျမန္မာလုပ္သားဇနီးေမာင္ႏွံ သည္ ဘတ္ေျခာက္သန္း (က်ပ္သိန္း ၂,၅၀၀ ) ထိုင္းထီဆုဆြတ္ ခူးခဲ့သည္။ထိုင္းႏိုင္ငံ၏ ထီေပါက္စဥ္ နံပါတ္ ၃၈၆၆၀၂ ဂဏန္းျဖင့္ ယင္းဆုကို ဆြတ္ခူးခဲ့သည္။
အသက္(၂၉)ႏွစ္အ႐ြယ္ ျမန္မာလုပ္သား မဇင္မာဝင္း သည္ ၎ေနထိုင္ရာ စဝမ္အာရမ္ ရပ္ကြက္ ထိုင္းဘုန္းႀကီးေက်ာင္း သို႔ သြားေရာက္ၿပီး ထီေပါက္ရန္ထိုင္း႐ိုးရာ မယ္ေတာ္႐ုပ္တုထံတြင္ ဆုေတာင္း၍ ထီဂဏန္းေတာင္းရာအာ႐ုံတြင္ ၀၂ ဂဏန္းႏွစ္လုံး ျမင္ေတြ႕ၿပီးေနာက္
အဆိုပါ ထိုင္းဘုန္းႀကီးေက်ာင္းရွိ ထီဆိုင္၌ ၀၂ ဂဏန္းပါေသာ ထီတစ္ေစာင္ထိုးခဲ့ေၾကာင္း ကံထူးသူမဇင္မာဝင္းက ထိုင္း႐ုပ္သံ (၈)အား ေျပာသည္။
ထိုင္းထီဆုဆြတ္ခူးေသာ ျမန္မာလုပ္သား ဇနီးေမာင္ႏွံသည္ ထီေပါက္သည့္ေန႔တြင္ ထိုင္းဘုန္းႀကီးေက်ာင္းရွိ မယ္ေတာ္ကို ျပန္လည္ပူေဇာ္သည့္အေနျဖင့္
ေ႐ႊႏွစ္က်ပ္သားခန႔္ ဆြဲႀကိဳးတစ္ကုံး၊ ၾကက္ဥ ၃၉၉၉ လုံး၊ ငွက္ေပ်ာသီး ၉၉ ဖီးအား သြားေရာက္ပူေဇာ္ပသၿပီး ေ႐ႊဆြဲႀကိဳးကိုမူေက်ာင္းထိုင္ဆရာေတာ္က မယ္ေတာ္ ကိုယ္စား လက္ခံသိမ္းဆည္းေပး ထားေၾကာင္း ထိုင္း႐ုပ္သံ(၈)က ေဖာ္ျပထားသည္။
ထို႔ေနာက္ထိုင္းထီကံစမ္းမဲတြင္ ျမန္မာလုပ္သားဇနီး ေမာင္ႏွံက ဘတ္ေျခာက္သန္း ထီ ဆုဆြတ္ခူးခဲ့သည္။ထိုင္းထီကံစမ္းမဲတြင္ ျမန္မာလုပ္သား (၂၁)ႏွစ္အ႐ြယ္ မသီရိေ႐ႊစင္သည္ ထီေပါက္စဥ္ နံပါတ္ ၀၂၆၈၅၃ ဂဏန္းျဖင့္ ဘတ္ ေျခာက္သန္းဆု ဆြတ္ခူးခဲ့သည္။
Credit:7Daydaily
Unicode
မြန်မာလုပ်သားဇနီးမောင်နှံနှစ်ဦး ဘတ်ခြောက်သန်း ထိုင်းထီဆုကြီး ဆွတ်ခူး
ထိုင်းနိုင်ငံ နကော့ပထုန် ခရိုင်တွင် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သားဇနီးမောင်နှံ သည် ဘတ်ခြောက်သန်း (ကျပ်သိန်း ၂,၅၀၀ ) ထိုင်းထီဆုဆွတ် ခူးခဲ့သည်။ထိုင်းနိုင်ငံ၏ ထီပေါက်စဉ် နံပါတ် ၃၈၆၆၀၂ ဂဏန်းဖြင့် ယင်းဆုကို ဆွတ်ခူးခဲ့သည်။
အသက်(၂၉)နှစ်အရွယ် မြန်မာလုပ်သား မဇင်မာဝင်း သည် ၎င်းနေထိုင်ရာ စဝမ်အာရမ် ရပ်ကွက် ထိုင်းဘုန်းကြီးကျောင်း သို့ သွားရောက်ပြီး ထီပေါက်ရန်ထိုင်းရိုးရာ မယ်တော်ရုပ်တုထံတွင် ဆုတောင်း၍ ထီဂဏန်းတောင်းရာအာရုံတွင် ၀၂ ဂဏန်းနှစ်လုံး မြင်တွေ့ပြီးနောက်
အဆိုပါ ထိုင်းဘုန်းကြီးကျောင်းရှိ ထီဆိုင်၌ ၀၂ ဂဏန်းပါသော ထီတစ်စောင်ထိုးခဲ့ကြောင်း ကံထူးသူမဇင်မာဝင်းက ထိုင်းရုပ်သံ (၈)အား ပြောသည်။
ထိုင်းထီဆုဆွတ်ခူးသော မြန်မာလုပ်သား ဇနီးမောင်နှံသည် ထီပေါက်သည့်နေ့တွင် ထိုင်းဘုန်းကြီးကျောင်းရှိ မယ်တော်ကို ပြန်လည်ပူဇော်သည့်အနေဖြင့်
ရွှေနှစ်ကျပ်သားခန့် ဆွဲကြိုးတစ်ကုံး၊ ကြက်ဥ ၃၉၉၉ လုံး၊ ငှက်ပျောသီး ၉၉ ဖီးအား သွားရောက်ပူဇော်ပသပြီး ရွှေဆွဲကြိုးကိုမူကျောင်းထိုင်ဆရာတော်က မယ်တော် ကိုယ်စား လက်ခံသိမ်းဆည်းပေး ထားကြောင်း ထိုင်းရုပ်သံ(၈)က ဖော်ပြထားသည်။
ထို့နောက်ထိုင်းထီကံစမ်းမဲတွင် မြန်မာလုပ်သားဇနီး မောင်နှံက ဘတ်ခြောက်သန်း ထီ ဆုဆွတ်ခူးခဲ့သည်။ထိုင်းထီကံစမ်းမဲတွင် မြန်မာလုပ်သား (၂၁)နှစ်အရွယ် မသီရိရွှေစင်သည် ထီပေါက်စဉ် နံပါတ် ၀၂၆၈၅၃ ဂဏန်းဖြင့် ဘတ် ခြောက်သန်းဆု ဆွတ်ခူးခဲ့သည်။
Credit:7Daydaily