သား ရေ..
ဒီတစ်ခေါက် အိမ်မကပ်တာ ကြာလှချည်လား..🥺
ဖုန်းလည်း မဆက်ဘူး..
ဒီလောက်ကြာကြာ အမေ့ကို တခါမှ စိတ်မကောက်ဖူးဘူး..
သားသူငယ်ချင်းတွေ က အမေ မေးတော့လည်း မဖြေ..




မင်း အဖေလေ ခိုင်းလိုက်ရင်
ဘယ်တော့မှ ထမင်းပိုမချက်ထား..
ကျုပ်သားဟာ ညကြီးသန်းခေါင်
ပြန်ရောက်ရင် ထမင်းပွဲအုပ်ဆောင်း လှန်တတ်တယ်
သိ,သိချည်းဟာကို ပြောလည်းမရ..
ရေချိုးခန်း ဝင်နေရင်
အပြင်က မီးပိတ်ပြီး စတတ်တဲ့ ကောင်လေး..




ဟိုတနေ့က
ဒီကောင်လေး ပြန်လာပြီ ထင်မိ
အမေ့ မှာ ခဏ ပျော်လိုက်ရတာ
ပြီးမှ မီးပြတ်သွားတာတဲ့..😔
အဲဒီလို စ,လို့ ဆိုးလို့ လၫ္း
မင့်အစ်မ နဲ့ မတည့်တာလေ..
ဟဲ့ သမီး
နင့်မောင် ဖုန်းခေါ်သေးလား အမေ မေးရင်
ဒင်းက အခု ငိုမဲ့မဲ့ နဲ့ကွယ်..
မင့် အိပ်ယာ ခေါင်းအုံးစွပ်တွေ ယူလျှော်
ပြန်ပြီးလည်း မစွပ်ထား..
အမေနဲ့ မင့်အစ်မ စကားများရသေးတယ်




သားရယ် မင့်ခွေးပါပီလေးဆို ပိန်ကျသွားပြီ
တခါတလေ ဘယ်လိုကျွေးကျွေး မရ
ဟိုနေ့က ဒီကောင့်အတွက် ထမင်းနယ်ရင်း
မင့်အဖေ မျက်ရည်ကျနေတယ်..😩😩
သည်အဖိုးကြီးက ပြဿနာပဲ
(မင်းပြောသလို အဖေကတော့ ပြဿနာပဲဆိုတာ ဟုတ်လောက်တယ်)
ဘာဖြစ်နေမှန်းမသိ
ခွေးထမင်းကျွေးရင်း ငိုရတယ်လို့..
မင့် ဒီလောက် ကြာကြာ အိမ်မကပ် တာကိုမှ
သားအဖေ ဒီအခေါက်
ဓားကြိမ်းလည်း မကြိမ်း.. ပွစိပွစိလည်း မလုပ်..
တရက် တရက် ငုပ်တုပ်နဲ့ ။
ခွေးကောင်လေး နင်မရှိတော့ ပျင်းတယ်ဟဲ့
ဟာတာတာ နဲ့
ဓာတ်ပုံအယ်လ်ဘမ်တွေ ပြန်ကြည့်
မင့်အမည်ပေးဖိတ်စာလေး ထွက်လာ..




အမေ လွမ်းလိုက်တာ သားရေ..😟😢
ဘယ်နေ့ ကုပ်ကုပ်ကုပ်ကုပ်နဲ့ လှေကားက တက်လာပြီး
အခန်းရှေ့မှာ စပ်ဖြီးဖြီးမျက်နှာပေးနဲ့ လာရပ်မလဲလို့ တွေးမိ
တံခါးဝကို လှမ်းကြည့်မိတယ်..
ဘုရားစင်ပေါ်က စာရွက်ပိုင်းလေး လွင့်ကျလာ..
နာရေးဖိတ်စာတဲ့ 😥
မင်းကင်ပွန်းတပ်ဖိတ်စာလေး ပြန်ဖတ်နေတုန်းအခိုက် မှာ
သားရယ်..😭😭
Credit