တိုရှည်နဲ့တို့စားတဲ့ ပဲရည်
ပါဝင်ပစ္စည်း
၁။ကုလားပဲ – ၁ ၁/၅ခွက်(ဆန်ချိန်ခွက်)
၂။အုန်းသီးခြစ်ထားတာ-၁ ၁/၂ခွက်
၃။ဂျင်း-လက်တစ်ဆစ်
၄။ကြက်သွန်ဖြူ-၃မွှာ
၅။ငရုတ်စိမ်း-၄တောင့်
၆။ဆား-၁လက်ဖက်ရည်ဇွန်း
၇။ဆီ-၁စားပွဲဇွန်း
၈။မုန်ညင်းစေ့-၁လက်ဖက်ရည်ဇွန်း
၉။ငရုတ်သီးခြောက်-၂တောင့်
၁၀။ပျဉ်းတော်သိမ်ရွက်-၅ရွက်
၁။ကုလားပဲကိုမီးအေးအေးနဲ့လှော်ပြီးနာရီဝက်လောက်ရေစိမ်ထားပါ။
၂။နာရီဝက်နေရင်ကုလားပဲကိုရေစစ်ပြီး အုန်းသီး၊ဂျင်း၊ကြက်သွန်ဖြူ၊ ၊ငရုတ်စိမ်း၊ဆား၊ရေ ၂ ခွက်လောက်နဲ့ရောပြီးကြိတ်ပါ။
ကြိတ်ပြီးအရမ်းပျစ်နေရင်ရေနည်းနည်းရောပါ။
၃။ဒယ်အိုးတစ်လုံးထဲဆီပူအောင်တည်ပြီး
ပျဉ်းတော်သိမ်ရွက်၊မုန်ညင်းစေ့နဲ့
ငရုတ်ခြောက်များထည့်ပြီးမွှေးလာသည်အထိဆီသပ်ပါ။
၄။ဆီသပ်ထားတာကိုပဲရည်ထဲထည့်ပါ။
တိုရှည်နဲ့တို့စားဖို့ပဲရည်လေးရပါပြီနော်
အဆငျပွကွေပါစေ#ဇီဇဝါ..လေးစားလျှက်..crd
Creditမူရင်းရေးသားသူအားလေးစားစွာcreditေ ပးပါသညျ🙏🙏🙏