စားပွဲထိုးဖြစ်နေလို့ အထင်သေးခံခဲ့ရပေမဲ့ နှစ်များစွာအကြာမှာတော့ အိမ်ကြီးတစ်လုံးရဲ့ ပိုင်ရှင်ဖြစ်ကြောင်း ချပြလာနိုင်ခဲ့သူ..See more. ..

Knowledge

စားပွဲထိုးဖြစ်နေလို့ အထင်သေးခံခဲ့ရပေမဲ့ နှစ်များစွာအကြာမှာတော့ အိမ်ကြီးတစ်လုံးရဲ့ ပိုင်ရှင်ဖြစ်ကြောင်း ချပြလာနိုင်ခဲ့သူ

စားပွဲထိုးတစ်ဦးဟာ စားပွဲထိုးတစ်ဦးဖြစ်နေခြင်းကြောင့် လှောင်ရယ်ခံခဲ့ရပြီး နှစ်များအကြာတွင် သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ပြခဲ့ပါတယ်။ သူ့ကိုအခြားအလုပ်တစ်ခုရှာဖို့ပြောနေတဲ့လူတွေတောင်ရှိခဲ့ပါတယ် ၊ သို့ပေမယ့် သူက”စားပွဲထိုးတစ်ယောက်”ဖြစ်နေရင်တောင် သူဘာကိုအောင်မြင်နိုင်မလဲဆိုတာကိုမသိနေခဲ့ကြပါဘူး။


အကြောင်းအရင်းတွေအများကြီးပေါ်မူတည်ပြီး ကွဲပြားတဲ့အလုပ်တွေ၊ ရာထူးတွေမှာမတူညီတဲ့လစာတွေရှိပါတယ်။ သို့ပေမယ့်အခြားသူတွေလုပ်ရတာထက် လစာအများကြီးရတဲ့အလုပ်ရှိသလို လုပ်နေရတဲ့အလုပ်နဲ့တန်တဲ့လစာမရတဲ့အလုပ်လည်း ရှိနေပါတယ်။ ဥပမာ စားပွဲထိုးများဟာ အခြားလူများနှင့်ယှဉ်လျှင် အခြေခံလစာအများကြီးမရကြပါဘူး။ သို့ရာတွင် စားပွဲထိုးအလုပ်က လူများစွာရဲ့အမြင်မှာ အမြဲဆင်းရဲနေလိမ့်မယ်လို့လည်းမဆိုလိုပါဘူး။


၎င်းဟာ ကြိုးစားမှု ၊ ဇွဲရှိမှုနှင့် ၎င်းအလုပ်ကို ဘယ်လို့စီမံရခြင်းဖြင့် စားပွဲထိုးများအား ပိုမိုကောင်းမွန်တဲ့ဘဝရရှိရန်နှင့် ၎င်းတို့ရဲ့အိမ်မက်ကိုတည်ဆောက်ရန်အခွင့်အလမ်းကိုရရှိစေပါတယ်။ Facebook ပေါ်တွင် တင်ထားခဲ့တဲ့ post အရ Jhay Suarez Tuyor အမည်ရှိအမျိုးသားဟာ လူအများက “ စားပွဲထိုး” ဖြစ်နေတဲ့သူ့ကိုအထင်သေးခဲ့ကြတာကြောင့် သူခံစားခဲ့ရတဲ့နာကျင်မှုကိုပြန်လည်မျှဝေခဲ့ပါတယ်။


သူဟာ စားပွဲထိုးတစ်ယောက်အနေနဲ့ သူရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ ဒီပညာတွေအားလုံးကိုပြန်ပြောပြရင်း အင်တာနက်ပေါ်ရှိလူတိုင်းရဲ့ချီးကျူးမှုကိုရရှိခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှစ၍ စားပွဲထိုးအဖြစ် အလုပ်လုပ်လာခဲ့ပြီး စားပွဲထိုးဖြစ်ခြင်းဟာ ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ကြောင်း ဆိုခဲ့ပါတယ်။


သူဟာ အားလပ်ချိန်၌ပင် ဝယ်သူအားအမြဲအာရုံစိုက်ရပြီး စားပွဲထိုးဝတ်စုံကိုလည်း ၈ နာရီအချိန်ပြည့်ဝတ်ဆင်ရသလို အနားယူချိန်မှာတောင် ဧည့်သည်များလာရင် ရုတ်တရက်ထဧည့်ခံ့ပေးရကြောင်းပြောပြခဲ့ပါတယ်။ သူဟာ သူတို့ရဲ့လစာထက် ဈေးကြီးတဲ့အဝတ်အစားများကို ဝတ်စားလာတတ်ကြတဲ့ဧည့်သည်များကိုလည်း သတိကြီးစွာ ဧည့်ခံပေးရကြောင်းဆိုခဲ့ပါတယ်။


ထို့ပြင် Jhay Suarez Tuyor က သူဟာ စားပွဲထိုးတစ်ဦးသာဖြစ်နေတာကိုတောင်းပန်ခဲ့ပေမဲ့လည်း စားပွဲထိုးအဖြစ် သူ၏ကြိုးစားမှုဖြင့် တည်ဆောက်နိုင်ခဲ့တဲ့သူ့ရဲ့အိမ်မက်အိမ်ကြီးရဲ့ဓာတ်ပုံများကိုပါ မျှဝေပေးခဲ့ပါတယ်။ စားပွဲထိုးအဖြစ်သူရရှိလာခဲ့တဲ့ရာခိုင်နှုန်းတိုင်းဟာ သူ့ရဲ့အိမ်မက်ဆီသို့ဦးတည်သွားနေခဲ့ပြီး ၎င်းဟာ သူ့အား လူတိုင်းထံမှကြည်ညိုလေးစားမှုကိုရရှိစေခဲ့ပါတယ်။crd

Leave a Reply

Your email address will not be published.