ထမင်းတစ်နပ်ပြည့်စုံစေမယ့် သစ်တိုသီး+ဝက်သားဟင်း ကန်စွန်းရွက်+ခရုဆီကြော် ပဲနီလေးဟင်းရည်

Food

ဒီနေ့မနက် သစ်တိုသီးဝက်သားဟင်း
ကန်စွန်းရွက်ခရုဆီကြော်
ပဲနီလေးဟင်းချိုပါ

သစ်တိုသီးကိုအခွံသင်လှီးပြီးဆားနှင့်နယ်ထားပါ
ဝက်နံရိုးနှင့်သုံးထပ်သားပြုတ်ထားတာရှိတာနှင့်ရောချက်တာပါ
အိုးတလုံးမှာဆီသင့်ရုံထည့်ပြီးကြက်သွန်နီစင်းလှီးထားတာနှင့်၊

ချင်းကြက်သွန်ဖြူ ကြိတ်ထားတာထည့်၍နွမ်း
လာအောင်ဆီသပ်ပါ နနွင်းမှုန့်နှင့်ငရုတ်သီးအစိမ်းမှုန့်ပါထည့်ပြီးမွှေပေးပါ ရေနဲနဲချင်းထည့်

၍အနှစ်ကျအောင်ဆီသပ်ပါဝက်နံရိုးနှင့်သုံးထပ်သားပြုတ်ထားတာထည့်ပါမွှေပေးပါသစ်တိုသီးကိုရေဆေးပြီးထည့်ပါ မွှေပေးပါ ငပိစိမ်းစားနဲနဲနှင့်ရွှေလှေငံပြာရည်နဲနဲထည့်ပြီး

ရေမြုပ်အောင်ထည့်ပြီးတည်ထားပါ အချိုမှုန့်နဲနဲထည့်ပါ
ရေခမ်းဆီပြန်လာရင်အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်မဆလာမွှေးဖြူးပြီးချပါ သစ်တိုသီးဝက်နံရိုးသုံးထပ်သားဟင်းရပါပြီ

ကန်စွန်းရွက်ကိုချွေပြီးရေဆေးကာရေစစ်ထားပါဒယ်အိုးတလုံးမှာဆီသင့်ရုံထည့်အပူပေးပြီးကြက်သွန်ဖြူ
စင်းလှီးထားတာထည့်ပါ

အနံ့မွှေးအောင်ဆီသပ်ပြီးကန်စွန်းရွက်ထည့်ပါ မွှေပေးပါ
ခရုဆီ ပဲငံပြာရည်အကြည်အချိုမှုန့်နဲနဲထည့်ပါ မွှေပေးပါ
ကန်စွန်းရွက်နွမ်းရင်အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်ကန်စွန်းရွက်ကြော်ရပါပြီ

ပဲနီလေးကိုအိုးထဲထည့်ပြီးသုံးရေလောက်ဆေးပြီးရေချိန်ဆထည့်ကာတည်ထားပါ

ပဲနူးရင် ကြက်သွန်နီ ဖြူနှ့င်နနွင်းမှုန့်နဲနဲထည့်ပြီးဆီသပ်ထားသည့်ဆီချက်ကိုလောင်းထည့်ပါ ဆားအချိုမှုန့်နဲနဲထည့်ပါ မွှေပေးပါ ဟင်းရည်အပျစ်အကြဲအနေတော်ဆိုရင်အရသာမြည်းကြည့်ပါ

အနေတော်ဆိုရင်ပဲနီလေးဟင်းချိုရပါပြီ စားကောင်းကြပါစေ

Credit U Kyaw Shwe

Leave a Reply

Your email address will not be published.