အမှိုက်ထဲက စိန်နားကပ်၊ ရိုးသားပြီး တာဝန်သိတဲ့ စည်ပင်ဝန်ထမ်း

Knowledge

Zawgyi

အမှိုက်ထဲက စိန်နားကပ်၊ ရိုးသားပြီး တာဝန်သိတဲ့ စည်ပင်ဝန်ထမ်း

အမရပူရမြို့နယ်မှ ယာဉ်မောင်းဦးသိန်းနိုင်ထွန်း(ယာယီ)မောင်းနှင်သော (RC-24) အမှိုက်သိမ်းယာဉ်သည် တိုးချဲ့(၄)ရပ်ကွက်တွင် အမှိုက်သိမ်းဆည်းပြီး၍တောင်အင်းမြောက်အင်းအမှိုက်ကျင်းသို့အသွားလမ်းတွင် ဖုန်းဝင်လာပါတယ်…

ဖုန်းဆက်လာသူမှ အမှိုက်ပစ်ရင်း ကားပေါ်သို့တစ်ရှူးဖြင့်ထုပ်ထားသော စိန်နားကပ်ပါသွားကြောင်း ပြောသဖြင့် လမ်းဘေးတွင်ကားရပ်ထားပြီး ပိုင်ရှင်ရောက်အလာထိ စောင့်ပေးပါတယ်

ပိုင်ရှင်များမှ လမ်းဘေးတွင်အမှိုက်သွန်ပြီး ချရှာရန်တောင်းဆိုသော်လည်း ယာဉ်မောင်းမှလမ်းဘေးဆိုလျှင်မဖြစ်နိုင်ကြောင်း အများပြည်သူသွားလမ်းပေါ်ဖြစ်နေသဖြင့် အရေးယူခံရနိုင်ကြောင်းပြောပြပြီး ပိုင်ရှင်များကို အမှိုက်ကျင်းအထိ လိုက်လာခိုင်းပါတယ်…

အမှိုက်ကျင်းတာဝန်ခံထံ ခွင့်တောင်းပြီး သီးခြားတစ်နေရာရာကို အမှိုက်ချခွင့် တောင်းခံခဲ့ပါတယ်…ခွင့်ပြုသဖြင့် အမှိုက်များကိုနည်းနည်းချင်း ချပေးပြီးကူညီရှာဖွေပေးခဲ့ရာ စိန်နားကပ်တစ်ရံကို ရှာဖွေတွေ့ရှိခဲ့ပါတယ်…

ပိုင်ရှင်မှကျေးဇူးတင်သည့်အနေဖြင့် ငွေကျပ် (၁၅၀၀၀) ပေးသွားပါကြောင်း…၎င်းငွေကို ကူညီပြီး ရှာဖွေပေးသည့်ကလေးများကိုလည်း ခွဲဝေပေးခဲ့တယ်လို့သိရပါတယ်…ရိုးသားပြီး တာဝန်သိမှု အတွက် နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုပေးမှာပါ…
Credit Original writer

Leave a Reply

Your email address will not be published.