အလုပ်အတူတူ လုပ်ကိုင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံ ရဲ့ နာမည်ကြီး ဒါရိုက်တွေနဲ့တွေ့ဆုံပြီး ဆွေးနွေးနေတဲ့ မင်းသားချော ပိုင်တံခွန်….

Cele News

အလုပ်အတူတူ လုပ်ကိုင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံ ရဲ့ နာမည်ကြီး ဒါရိုက်တွေနဲ့တွေ့ဆုံပြီး ဆွေးနွေးနေတဲ့ မင်းသားချော ပိုင်တံခွန်….

ပိုင်တံခွန်ဟာ မိဘကိုသိတတ်လိမ္မာတဲ့သားလိမ္မာတစ်‌ဦးလဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာဆိုရင် ဒိတ်ဒိတ်ကြဲမင်းသားဆိုပေမယ့်လည်း ဂုဏ်ပကာသနမောကက်မာထောင်လွှားခြင်းမရှိပဲ ရိုးရိုးအေးအေးသာနေတတ်တာကြောင့် ပိုပြီးလူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်။ပိုင်တံခွန်က (၂၀၂၁) ခုနှစ်မှာဆိုရင်လည်း World’s Most Handsome Face ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

နိုင်ငံတကာမှာ ပရိတ်သတ်တွေရှိသလိုနိုင်ငံတကာမှပရိတ်သတ်တွေနဲ့လည်းထိတွေ့နိုင်ဖို့ အမြဲတမ်းကြိုးစားနတဲ့ပိုင်တံခွန်က ဒီတစ်ခါမှာဆိုရင်လည်း ကမေ႓ာဒီးယား နိုင်ငံရဲ့နာမည်ကြီးဒါရိုက်တာ Leak Ly Da နဲ့ အလုပ်အတူတူလုပ်ဖို့တွေ့ဆုံခဲ့တာကိုလည်းတွေ့ရပါတယ်နော်။

ဒါရိုက်တာ Leak Ly Da ကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပိုင်တံခွန်နဲ့အတူတူတွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို “It’s not only about work it about friendship also.” ဆိုတဲ့စာသားလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုအတိုင်းအတာကိုပြသလာခဲ့တာပဲဖြစ်ပါတယ်နော်.။

ပိုင်တံခွန်က (၂၀၁၉) ခုနှစ်မှာ ကမေ႓ာဒီးယား နိုင်ငံရဲ့အလှမယ် Sothida Pokimtheng နဲ့ ရုပ်ရှင်ရိုက်ဖို့စားချုပ်ချုပ်ဆိုတ ထားတာဖြစ်ပြီး အခုဒါရိုက်တာLeak Ly Da နဲ့ ဆုံတွေ့မှုဟာ စာချုပ်ချုပ်ထားတဲ့ရု ပ်ရှင်ဇာတ်ကား ကိုရိုက်ကူးဖို့များလား ဆိုတာကတော့ ရင်ခုန်စရာပါပဲနော်..။
Credit

Leave a Reply

Your email address will not be published.