ငါးကင် လုပ်နည်း ရှယ်ပဲနော်

Food

☝🏼အရင်ဦးဆုံး ဘာမှမလုပ်ခင်..ငါးအသားထဲကို အရသာ၀င်အောင် အရင်နှပ်ပါ။ (No. 5)

နန္ဒာကတော့ တီလားဗီယားငါးကို သုံးထားပြီး အရသာအတွက် ခရုဆီ ၊ ပဲငံပြာရည်အကြည် ၊ ဆားအနည်းငယ် နဲ့ သကြားအနည်းငယ်ကို ငါးအနှံ့ဆုတ်ဆုတ်ပြီး ပွတ်ပေးလိုက်ပါတယ်။

ပြီးရင် သူ့ကို ဒီတိုင်း အရသာ၀င်အောင် ခဏနှပ်ထားပြီးမှ ကျန်တာတွေ ဆက်လုပ်ပါမယ်…


တစ်ခုရှိတာက တကယ် စားကောင်းစေဖို့ ငါးဝယ်ရင် ပါးဟပ်လေးရဲပြီး အသားတင်းကာ လတ်ဆတ်နေတဲ့ ငါးမျိုးကိုပဲ ရွေးချယ် ဝယ်ယူ အသုံးပြုပေးပါရှင့် 👍🏼

💁🏻‍♀️ဒါကတော့ ခုနက ငါးရဲ့ ခေါင်းနဲ့၀မ်းဗိုက်ထဲမှာ သွပ်မဲ့ အမွှေးအကြိုင်အရွက်တွေပါ။ ဒီပုံထဲကလောက် သုံးရင် ငါး ၂ကောင်ကို သွပ်လို့ရပါတယ်။ ဘာတွေပါလဲဆိုတော့ –

– စပါးလင် ပါးပါးလှီး (၂ချောင်း)

– ပင်စိမ်းရွက် (၂ စည်း)

– ကြက်သွန်ဖြူ (၁၀မွှာခန့်)

– မြန်မာနံနံပင် ( ၂ ပင်ခန့်) – မစားတတ်လျှင် မသုံးလည်းရ

– ဂျင်းပါးပါးလှီး (၁ တက်)

– ရှမ်းနံနံ ( ၁စည်း)

– ငရုတ်သီးစိမ်းအတောင့်ရှည် (၃ တောင့်) – အစပ်မစားလျှင် မထည့့်လည်းရ


🙋🏻‍♀️နောက်ဆုံးက – အဲ့အနှစ်ရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ “တရုတ်မဆလာ” အနည်းငယ်ရယ်ပါ။ သူ့ပါ ထည့်ထောင်းမှ အနှစ်က မွှေးပြီး ကြိုင်တက်လာတာပါ…ဒါက မွှေးကြိုင်နေတဲ့ ငါးကင်အနှစ်ရဲ့ လျှို့ဝှက်ချက်လေးမို့ ထည့်ဖြစ်အောင် ထည့်ကြပါ။ #NKtip

ခုနက ပြောခဲ့တာတွေကို ဆား ၊ သကြား၊ ပဲငံပြာရည် အကြည် အနည်းငယ်ထည့်ပြီး ခုလို ညက်သွားအောင် ထောင်းပေးပါ။ Blender ရှိသူတွေ blender နဲ့ ကြိတ်လည်းရပါတယ်။


ဒါဆို ငါးထဲသွတ်မဲ့ အနှစ်ကိစ္စ မြန်မြန်ဆန်ဆန် နဲ့ ပြီးသွားပါပြီ… ✌🏼

အစတည်းက အရသာနှပ်ထားတဲ့ ငါးကို ယူပြီး အနှစ်တွေကို ငါးရဲ့ ပါးဟပ်ထဲ နဲ့ ၀မ်းဗိုက်ထဲ ခုလို သွတ်ပေးလိုက်ပါမယ်..

ပြီးရင် ငါးကင် အရောင်ပိုလှစေဖို့ နနွင်းအနည်းငယ်နဲ့ ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) အနည်းငယ်ယူပြီး ဆီလေးနဲ့ရောကာ ငါးကိုယ်ပေါ်မှာ ပုံထဲက အရောင်လောက်ရအောင် ပွတ်ပေးလိုက်ပါ…

ဒါဆို ငါးလေးက ကင်ပြီးတဲ့အခါ အရောင်လေးကော အနံ့လေးကော ပြည့်စုံနေပါလိမ့်မယ် 😘


အဲ့အဆင့်ပြီးရင် ငါးကို အရသာပို၀င်အောင် မိနစ် ၃၀ မှ ၃နာရီခန့်အထိ မိမိ အချိန်ရသလို မကင်ခင် နှပ်ထားလို့ရပါတယ်။

အချိန်သိပ်မရရင်လည်း လုပ်ပြီးတာနဲ့ပဲ တန်းကင်လိုက်ပါ…နန္ဒာလုပ်တုန်းက အဲ့လို နှပ်ဖို့ နာရီနဲ့ချီ အချိန်မပေးနိုင်တော့…လုပ်ပြီးတာနဲ့ တန်းကင်လိုက်တာတောင် အရသာက အဆင်ပြေပါတယ် 😉 အချိန်ပေးပြီး ဒီ့ထက် ပိုနှပ်ထားနိင်ရင်တော့ ပိုအိုကေတာပေါ့လေ 👌🏼

ငါးစကင်ပါတော့မယ်…

ငါးကို Microwave တွေ၊ လျှပ်စပ်အကင်အိုးတွေနဲ့ ကင်တာထက်စာရင်…ခုလို မီးသွေးမီးနဲ့ ကင်တာက ပိုစားကောင်းပြီး ပိုလည်းမွှေးတယ်လို့ နန္ဒာထင်ပါတယ်။

🙅🏻‍♀️ဒါမဲ့ မီးသွေးမီး တစ်အားတောက်ပြီး မပြင်းစေဖို့ ဂရုပြုရပါမယ်။ မီးသွေးမီးတစ်အားပြင်းပြီး မီးခိုးတွေ အရမ်းတက်တဲ့အခါ ငါးကင်က အထဲက မကျက်ခင် အပြင်က တူးပြီး မည်းသွားတတ်လို့ပါ…

အိုကေ…ငါးကိစ္စပြီးတော့ သူ့ကို မကင်ခင် ခဏလေးနှပ်ထားတုန်း…အချဉ်ရည်အတွက် စတင်ပြင်ဆင်ရပါမယ်..

ပါ၀င်ရမှာတွေကတော့ –

– အချဉ်ဓာတ်အတွက် မန်းကျည်းမှည့် လိုသလောက်ကို ရေနွေးလေးနဲ့ ခဏစိမ်ပြီး အနှစ်တိုက်ထုတ်..အဖတ်တွေစစ်လိုက်ပါ..

– အချိုဓာတ်အတွက် ဓနိသကြားရည် (or) ထန်းလျက်အရည်ကြို (or) သကြားအနည်းငယ်

– ညက်နေအောင် ထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ ဂျင်း နဲ့ ငရုတ်သီးစိမ်း


– ဆားအနည်းငယ်

– မြန်မာနံနံပင် အနည်းငယ် ( မစားတတ်လျှင်မထည့်လည်းရ)

Crd



































Crd

Leave a Reply

Your email address will not be published.