“သားမက် (၃)ယောက်ရဲ့ အချစ်ကို စမ်းသပ်မိတဲ့ ယောက္ခမကြီးရဲ့ အဖြစ်”

Knowledge

တစ်ခါက… သူဌေးကတော်တွင် သမက်သုံးယောက်ရှိလေသည်။

သူဌေးကတော်ကြီးက စဉ်းစားသည်… မိမိအပေါ် သမက်တွေ ဘယ်လိုသဘောထားသနည်း ဆိုသည်ကို စမ်းသပ်ရန် သူဌေးကတော် ဆုံးဖြတ်လိုက်သည်။

တစ်နေ့မှာ… အကြီးဆုံးသမက်(သ္မီးကြီး၏ယောက်ျား)ဖြတ်သွားချိန်နှင့်ကိုက်လျှက် တံတားအောက်ရှိုမြစ်ထဲသို့ ခုန်ချလိုက်သည်။

“ကယ်ကြပါဦး”ကယ်ကြပါဦး”ဟု အသံကုန်အော်သည်။

ချက်ချင်းဆိုသလို သမက်ကြီး ရေထဲခုန်ဆင်းပြီး ယောက္ခမကို ကယ်တင်ခဲ့သည်။

နောက်တစ်နေ့မနက် အိပ်ယာကနိုး၍ ပြတင်းပေါက်က ကြည့်လိုက်သောအခါ အိမ်အောက်တွင် အိမ်စီးကာအသစ် တစ်စီးဆိုက်ထားသည်ကို သမက်ဖြစ်သူ တွေ့လိုက်ရသည်။

ကားရှေ့မှန်ပေါ်တွင် စာတိုလေးတစ်စောင်ကိုလည်း တွေ့ရသည်။ဤကာ…

“အချစ်ဆုံး သမက်အတွက် ကျေးဇူးတင်ပါသော ယောက္ခမ(အမေ)၏ လက်ဆောင်”

နောက်တစ်ရက်တွင် ယခင်နည်းလမ်းအတိုင်း သမက် အလတ်ကို စမ်းသပ်ပြန်သည် သမက်အလတ်လဲ ရေထဲခုန်ဆင်းပြီး ယောက္ခမကို ကယ်သည်။

နောက်နေ့မနက်တွင် မော်တော်ဆိုင်ကယ် အသစ်တစ်စီးနှင့် စာတိုတစ်စောင်ကို တွေ့ရသည်။

“ချစ်ရပါသော သမက်အလတ်တွက် ကျေးဇူးတင်ပါသော ယောက္ခမ(အမေ)၏ လက်ဆောင်”ဟု ရေးထားသည်။

အငယ်ဆုံး သမက်ပဲ ကျန်တော့သည် သူကိုလည်း ယ္ခင်နည်းအတိုင်း စမ်းသပ်ရန် သူဌေးကတော် ဆုံးဖြတ်လိုက်သည်။

သမက်ငယ်ဖြစ်သူ ဖြတ်သွားချိန်တွင် မြစ်ထဲခုန်ချလိုက်သည်။

“ကယ်ပါဦး”ကယ်ကြပါဦး”ဟု အော်သည်။

ယောက္ခမ၏ အော်သံကိုကြားသောအခါ အငယ်ဆုံးသမက် စဉ်းစားသည်။

အကြီးဆုံးသမက်ကို ကားအသစ်တစ်စီးနဲ့ သူမ ကျေးဇူးဆပ်တယ်…

သမက်အလတ်ကို မော်တော်ဆိုင်ကယ် ပေးတယ်…

ငါ့ကို စက်ဘီးပဲ ပေးလိုက်လိမ့်မယ် ဒီစက်ဘီးအတွက်နဲ့ ဆောင်းတွင်းကြီး ရေခဲရေထဲကို ငါ… ဘာလို့ခုန်ဆင်းရမှာလဲ… အဆုတ်အအေးမိသွားရင် ဒုက္ခ…ဟုတွေးကာ…

အငယ်ဆုံးသမက် ဆင်းမကယ်ချေ ယောက္ခမလည်း ရေနစ်ပြီးသေသွား၏။

နောက်တစ်နေ့မနက် အိပ်ရာကနိုး၍ ကြည့်လိုက်သောအခါ…

အိမ်ရှေ့တွင် မာစီးဒီး ကားသစ်တစ်စီး ဆိုက်ထားသည်ကို အငယ်ဆုံးသမက် တွေ့လိုက်ရသည်။

ကားပေါ်မှာ ရေးထားသော စာတိုမှာ အောက်ပါအတိုင်း ဖြစ်တော့လေသတည်း…..

“ချစ်ရပါသော သမက်အတွက် ကျေးဇူးအထူး တင်ရှိသော ယောက္ခမ(အဖေ)၏ လက်ဆောင်တဲ့…

:-):p

 

(ဥာဏ်ကောင်းးးဖို့ လိုတယ်ယေ)

#𝐂𝐫e𝐝𝐢t_to_original_writer

Leave a Reply

Your email address will not be published.