မုန့်ကျွဲသဲလုပ်နည်း
မုန့်ကျွဲသဲ လုပ်ရတာ အလွန်လွယ်တယ်
figure>


ထုံးရည်ကြည် မသုံးထားဘူး
မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။
နိုင်ငံခြားနေသူများ.. corn starch ကိုသုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
၁. မွှေးပြောင်းဖူးမူန့် ၂၅ ဂရမ် ( ထမင်းစားဇွန်း ၂ ဇွန်းခန့်)
၂. နွားနို့ ၂၅၀ မီလီလီတာ ( ၁ လီတာ ရေသန့်ဗူးရဲ့ ၄ ပုံ ၁ပုံ)
၃. ထန်းလျှက်ရည် ပျစ်ပျစ် ၅၀ မီလီလီတာ
၄. ဆားအနည်းငယ်
figure>


ပြုလုပ်နည်း
မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းတွေ အကုန်ရောထည့်မွှေပီး မီးအပူ အလယ်လတ် နဲ့ ကျိုပါ၊
၃ မိနစ် လောက်ဆို ပျစ်လာဘီ။ နောက်ထပ် ၃-၄ မိနစ်လောက် ထပ်မွှေပေးလိုက်ရင် ရဘီ။
figure>


အခဲခံမည့်ခွက်ကို ဆီသုတ်ထားပေးရတယ်။ အခဲခံမည့်ခွက်ထဲ လောင်းထည့်။ အအေးခံ ပါ
ခဲသွားရင် ကြိုက်တဲ့အရွယ် လှီးလို့ရဘီ၊ အုန်းသီးမနုမရင့်လေးဖြူးပီး စားပါ ရေခဲသေတ္တာ မခဲတဲ့ အထပ် ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။
Crd
figure>


figure>


figure>


Crd