ပသျှူ းထမင်းကြော်နည်း

Food

အရသာရှိသော ပသျှူ းထမင်းကြော်နည်း
*********************************
လိုအပ်သော ပစ္စည်းများ
ပြောင်းဖူး တစ် ဖူး(အဝါ)
figure>

ဘိုစားပဲသီး အနည်းငယ်
ရွှေပဲသီးအနည်းငယ်
ပန်းဂေါ်ဖီ အနည်းငယ်
မုံလာဥနီ တစ်လုံး
ဂျပန်ပြောင်းဖူး တစ်ထုပ်
ကြက်သား ၁၅ကျပ်သား(ပြုတ်ပြီး အသေးတုံးထားရန်)
တရုတ်မဆလာ အနည်းငယ်
figure>

ငရုတ်သီး အစိမ်းမှုန့် စတီဇွန်း တစ်ဇွန်း
အသားမှုန့်အနည်းငယ်
ငရုတ်ကောင်းမှုန့်အနည်းငယ်
ခရုဆီ စတီးဇွန်း တစ်ဇွန်း
သကြားစတီးဇွန်း တစ်ဇွန်း
ပဲငံပြာရည် စတီးဇွန်းတစ်ဇွန်း
ကြက်ဥ နှစ်လုံး
figure>

ထမင်း တည်ထားပြီးသား နှစ်လုံး
ဆီ ၇ ကျပ်ခွဲသားခန့်
ပထမဆုံး ထမင်းတည်ထားပြီးသားထဲသို့ အသားမှုန့်အနည်းငယ် ပဲငံပြာရည် အနည်းငယ်ထည့်၍နယ်ထားပါ
အိုးပူလျှင် ဆီထည့်ပါ
ကြက်ဥကို မွှေထည့်ပါ
ပြုတ်ထားသော ကြက်သားအတုံးလေးများထည့်ပါ
ငရုတ်သီးအစိမ်းမှုန့် ထည့်ပါ
ငရုတ်သီးအစိမ်းအနံ့ပျောက်စေရန် ၅မိနစ်လောက်မွှေပေးပါ
figure>

အသီးအရွက် အစုံလှီးထားပြီးရေစစ်ထားပါ
ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် အသီးအရွက်များကိုထည့်ပါ
အသားမှုန့်ထည့်ပါ တရုတ်မဆလာထည့်ပါ
သကြားနည်းနည်းထည့်ပါ
ခရုဆီထည့်ပါ
၁၀မိနစ်လောက်ကြော်ပေးပါ
အသီးအရွက်များနွမ်းသည်အထိကြော်ပေးပါ(မိမိစိတ်ကြိုက်အနေအထား ရသည်အထိကြော်ပါ)
figure>

ငရုတ်ကောင်းအမှုန့်ထည့်ပါ
နယ်ထားသောထမင်းများကိုထည့်ကြော်ပေးပါ ၅မိနစ်လောက်မွှေပေးပါ
crd writer Aye Thazin Htun
Credit Thazin Win foodinmyanmar

အရသာရှိသော ပသွှူ းထမငြးကှောနြညြး
*********************************
လိုအပျသော ပစ်စညျးမြား
figure>

figure>

figure>

figure>

figure>

crd writer Aye Thazin Htun
Credit Thazin Win foodinmyanmar

 

Leave a Reply

Your email address will not be published.