ပုစွန်ချဉ်စပ်
*******
ပါ၀င်ပစ္စည်းများ
ပုစွန်အကောင်သေး…………………. ၁/၂ ကီလို
ခရမ်းချဉ်သီး…………………………..၃ လုံး( ၂ စင်တီမီတာအရွယ်စိတ်)
ကြက်သွန်နီ……………………………၂ လုံး( ……………..။………….)
ကြက်သွန်ဖြူ…………………………..၄ တက်( နုပ်နုပ်စဉ်း)
ချင်းသေးသေး………………………… ၁တက်( မျှင်မျှင်လှီး)
ှုပန်းငရုပ်ပွ………………………………၂ လုံး (အစေ့ထုတ်ပြီးပါးပါးလှီး)
ကြက်သွန်မြိတ်+နံနံပင်……………….အနည်းငယ် (၁လက်မခန်.ပိုင်းဖြတ်ပါ)
ငရုတ်သီးစိမ်း…………………………..၃ တောင့်( ဓါးပြားရိုက် )
ငရုတ်ကြမ်းမှုန်. ……………………….၁ ဇွန်း
( ထမင်းစားဇွန်း)
ငရုတ်သီးဆော့စ်( ချီတို)……………….၂ ဇွန်း (……….။…….)
ပုစွန်တွေကိုခေါင်းချိုး၊ အခွံခွါ ၊ချေးထုတ်သန်.စင်ပြီးရင်ဆား၊ ငရုတ်ကောင်းမှုန်.အနည်းငယ်နှင့်နှပ်ထားပါ ( သတိပြုရန် ။ ။ ပုစွန်တွေခွါပြီးမှ..ရေပြန်ဆေးပါက..အချိုဓါတ်ဆုံးရှုံးပါတယ် )
ပါ၀င်ပစ္စည်းများအဆင်သင့်ဖြစ်ပြီဆိုရင်တော့…ပူနေတဲ့ဒယ်အိုးတစ်လုံးမှာ
ကြက်သွန်ဖြူနဲ.ချင်းကို နနွင်းမှုန်.အနည်းငယ်နှင့်ဆီသတ်ပါ…။
ထို.နောက်ကြက်သွန်နီကိုပေါင်းထည့်ပြီး…အနည်းငယ်နွမ်းလာလျှင်..ငရုတ်
ကြမ်းမှုန်.ကိုထပ်ပေါင်းထည့်ပါ..။
ချက်ချင်းပုစွန်ကိုထည့်ပြီး..သကြား၊ ငါးငံပြာရည်၊ ခရုဆီ ၊ ပာင်းခတ်မှုန်.၊ သံပုရာရည်တို.ဖြင့်အရသာသွင်းပါ…။မီးအရှိန်ကိုမြှင့်တင်ပြီး ၃မိနစ်ခန်.ကြော်ပေးပါ။
ပုစွန်တွေပာအရသာတွေစုပ်ယူပြီးရေအနည်းငယ်ခမ်းခြောက်သွားလျှင်ပန်း
ငရုတ်ပွနဲ.ခရမ်းချဉ်သီးတို.ကိုဖြည့်စွက်ပါ…။
မိမိနှစ်သက်သောအရသာပြည့်စုံပြီဆိုရင်တော့..နံနံပင် ကြက်သွန်မြိတ်လေးဖြူးထည့်ပြီးသုံးဆောင်နိူင်ပါသည်…။
Credit ဝင်းနိုင်သိန်း
ပုစှနခြဉွစြပြ
*******