သာသနာတော်ကြီး အရှည်ခံ့၍ တည့်တံ့ဘို့ဆိုပြီးကျပ်သိန်းပေါင်း ၂၀၀၀၀ (နှစ်သောင်း) ကျော် အံ့ချီးဖွယ် အလှူရှင်

News

Zawgyi

နတ်ပြည်မှာ ဘုံဗိမ္မာန်ပေါက်နေလောက်ပြီ

သာဓု သာဓု သာဓု

မန္တလေးမြို့ ဝါးတန်းရပ် ၂၉ လမ်းတွင် နေထိုင်သော ဒေါ်ညွန့်ညွန့်အေးသည် မန္တလေး သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကို တစ်ဦးတည်း ဒါယိကာမ အဖြစ်ခံယူ၍ လှူဒါန်းခဲ့သည်။ ကုန်ကျငွေပေါင်းမှာ ကျပ်သိန်းပေါင်း ၂၀၀၀၀ (နှစ်သောင်း) ကျော်ဖြစ်သည်။ ၎င်းက ဤသို့ တိုက်တွန်းပြောကြားပါသည်။

ကျွန်မ အခုလို လှူဒါန်းနိုင်ခဲ့တာတွေဟာ ကျွန်မရဲ့ကုသိုလ်ကံစွမ်းအားနဲ့ မိဘနှစ်ပါးပေးခဲ့တဲ့ ကုသိုလ်အမွေတွေဖြစ်ပါတယ်။ ပြီးတော့ သီတဂူဆရာတော်ဘုရားကြီးဟောကြားတဲ့ သက္ကပဥှသုတ်ကို နာယူတဲ့အခါ ငြူစူခြင်း မနာလိုခြင်းဆိုတဲ့ ဣဿာနဲ့ ဝန်တိုခြင်းမစ္ဆရိယတို့ရဲ့ ဆိုးဝါးပုံကို သိရှိနားလည်ခဲ့ရတယ်။

ဒါကြောင့် ဣဿာ မစ္ဆရိယတွေကို ဒါနလက်နက်နဲ့ တိုက်ဖျက်မယ် လောဘကို အလောဘဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆန္ဒနဲ့ ဒီမန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ကျွန်မအခုလို လှူဒါန်းတာကလည်း သာသနာတော်ကြီး အရှည်ခံ့၍ တည့်တံ့ပြီး ကမ္ဘာအရပ်ရပ်ကို ဗုဒ္ဓသာသနာ တည်တံ့ပြန့်ပွါးစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာ ဖြစ်ပါတယ်။ ကံ ကံ၏အကျိုးကိုလဲ ယုံကြည်ပါတယ်။ အလှူဒါနပြုတိုင်းလဲ နိဗ္ဗာန်ကို ဆုတောင်းပါတယ်။

ကျွန်မကိုယ်တွေ့ပြောရရင် လှူလို့ ကုန်မသွားပါဘူး။ ဥမာနဲ့ပြောရရင် လက်ယက်တွင်းလိုပါပဲ။

ခပ်ယူတုန်းခဏသာ လျှော့ပြီး နောက်တော့ ပြန်ပြီး ပြည့်လာတာပါပဲ။ ဒါကြောင့် လှူကြပါ။ တန်းကြပါလို့ တိုက်တွန်းလိုပါတယ်။(ဇွန်လထုတ် မြတ်မင်္ဂလာစာစောင်ပါ သန်းဝင်းရှိုန်၏ အံ့ချီးဖွယ်အလှူရှင် ဆောင်းပါးမှ)

credit-Kan Balu Shin Yazar

Unicode

Leave a Reply

Your email address will not be published.