Zawgyi
မိသားစုအတြက္ ကုန္စိမ္းေတြကို ဆိုင္ကယ္နဲ႔ ေစ်းေရာင္းရွာေကၽြးေနတဲ့ CDM ေက်ာင္းဆရာတစ္ဦး လမ္းမၾကီးတစ္ေနရာတြင္… See more
စစ္အုပ္စုက အာဏာသိမ္းၿပီးေနာက္ အၾကမ္းမဖက္ အာဏာဖီဆန္လွုပ္ရွားမွု CDM မွာ ပါဝင္ထားတဲ့ ေက်ာက္ပန္းေတာင္းၿမိဳ့နယ္က CDM ေက်ာင္းဆရာ ကိုေအာင္နိုင္ေဌးဟာ
ဇြန္လ (၁၅)ရက္ေန႔မွာ ဆိုင္ကယ္နဲ႔ ေစ်းေရာင္းေနစဥ္ ေဂြးပင္လမ္း၊ ဆားေတာင္လမ္းခြဲမွာ ကားတိုက္ခံရၿပီး ပြဲခ်င္းၿပီး ေသဆုံးသြားတယ္လို့ ေဒသတြင္း သတင္းရင္းျမစ္ေတြက ေဖာ္ျပထားပါတယ္။
အသက္ (၃၀) ဝန္းက်င္ ဆရာ ကိုေအာင္ေဌးနိုင္ဟာ CDM ျပဳလုပ္ခဲ့ၿပီးေနာက္ မိသားစုဝမ္းေရးအတြက္ ကုန္စိမ္းေတြကို ဆိုင္ကယ္နဲ႔ လွည့္လည္ေရာင္းခ်တဲ့အလုပ္ လုပ္ကိုင္ေနသူျဖစ္တယ္လို့ နီးစပ္သူေတြက ဆိုၾကပါတယ္။
“ ေပးဆပ္ရတာေတြ မ်ားလြန္းပါတယ္ ဆရာရယ္။သင္တန္းသားဘဝတုန္းက သားဦးေလး ေပးဆပ္ခဲ့ရတယ္။အခုလဲ သားငယ္ေလး က်န္ခဲ့မယ္ထင္တယ္။ ထူးခၽြန္တဲ့ဆရာ။ ႀကိဳးစားတဲ့ဆရာ “ လို့ နီးစပ္သူတစ္ဦးက မွတ္ခ်က္ျပဳထားပါတယ္။
စစ္အုပ္စုအာဏာသိမ္းမွုေၾကာင့္ စစ္အာဏာရွင္စနစ္ေအာက္မွာ တာဝန္မထမ္းေဆာင္လိုတဲ့ ဝန္ထမ္းေတြဟာ CDM ျပဳလုပ္ထားၾကၿပီး တစ္ႏွစ္ေက်ာ္ၾကာတဲ့အထိ အခက္အခဲေတြၾကားမွာ ႀကံ့ႀကံ့ခံ ႐ုန္းကန္ေနၾကရတယ္လို့ CDM ဝန္ထမ္းေတြက ေျပာဆိုၾကပါတယ္။
Unicode
မိသားစုအတွက် ကုန်စိမ်းတွေကို ဆိုင်ကယ်နဲ့ ဈေးရောင်းရှာကျွေးနေတဲ့ CDM ကျောင်းဆရာတစ်ဦး လမ်းမကြီးတစ်နေရာတွင်… See more
စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု CDM မှာ ပါဝင်ထားတဲ့ ကျောက်ပန်းတောင်းမြို့နယ်က CDM ကျောင်းဆရာ ကိုအောင်နိုင်ဌေးဟာ
ဇွန်လ (၁၅)ရက်နေ့မှာ ဆိုင်ကယ်နဲ့ ဈေးရောင်းနေစဉ် ဂွေးပင်လမ်း၊ ဆားတောင်လမ်းခွဲမှာ ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
အသက် (၃၀) ဝန်းကျင် ဆရာ ကိုအောင်ဌေးနိုင်ဟာ CDM ပြုလုပ်ခဲ့ပြီးနောက် မိသားစုဝမ်းရေးအတွက် ကုန်စိမ်းတွေကို ဆိုင်ကယ်နဲ့ လှည့်လည်ရောင်းချတဲ့အလုပ် လုပ်ကိုင်နေသူဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။
“ ပေးဆပ်ရတာတွေ များလွန်းပါတယ် ဆရာရယ်။သင်တန်းသားဘဝတုန်းက သားဦးလေး ပေးဆပ်ခဲ့ရတယ်။အခုလဲ သားငယ်လေး ကျန်ခဲ့မယ်ထင်တယ်။ ထူးချွန်တဲ့ဆရာ။ ကြိုးစားတဲ့ဆရာ “ လို့ နီးစပ်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
စစ်အုပ်စုအာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေဟာ CDM ပြုလုပ်ထားကြပြီး တစ်နှစ်ကျော်ကြာတဲ့အထိ အခက်အခဲတွေကြားမှာ ကြံ့ကြံ့ခံ ရုန်းကန်နေကြရတယ်လို့ CDM ဝန်ထမ်းတွေက ပြောဆိုကြပါတယ်။
Crd