အွန်လိုင်းပေါ်မှာတွေ့တဲ့ ကင်ဆာရောဂါကို ပျောက်အောင်ကုသပေးမယ်ဆိုတဲ့ ဘုန်းကြီးကိုယုံစားမိပြီး ပုံအပ်မိရာမှ… See more
ကျွန်တော့်အကိုတယောက် လိုင်းပေါ်မှာတွေ့တဲ့ အသဲကင်ဆာရောဂါသည်တွေကို ပျောက်အောင်ကုသပေးနိူင်တယ်ဆိုတဲ့ ဘုန်းကြီးတပါး ညောင်ဦးမြို့နယ်(မန္တလေးတိုင်း) မှာ ရှိတယ်ဆိုလို့ ရန်ကုန်ကနေ၁၀-၆-၂၂မှာ ညောင်ဦးကိုရောဂါကုသဖို့ထွက်ခဲ့ပါတယ်
ကျွန်တော်နဲ့ညီလေးတယောက်ပါအဖော်အနေနဲ့လိုက်ပါသွားခဲ့ကြပါတယ် ညောင်ဦးကို ညနေ၄နာရီကျော်လောက်ရောက်ပြီး ကန်တော်ဘုန်းကြီးကျောင်းကို တိုက်ရိုက်သွားခဲ့ပါတယ် ကျောင်းရောက်တော့ ဆရာတော်ကကျိန်းနေတယ်ဆိုလို့ ဒုလက်ထောက် ဘုန်းကြီးနဲ့တွေ့ပြီး
အကျိုးအကြောင်းလျှောက်တင်တော့ ဆေးထိုးရမယ် ၅ရက်ဆက်တိုက်ထိုးရမယ်လို့မိန့်ပါတယ် ဒါနဲ့ ဆေးထိုးတဲ့နေရာ (ဆရာတော်လူနာတွေတွေ့တဲ့ဘေး) မှာ ဆေး၂လုံးထိုးရပါတယ် အဝါရောင်အရည်ဆေးရည်ပါ ဘယ်/ညာ တင်ပါးနှစ်ဖက်ထိုးရပါတယ် ဆေးထိုးခ၁၀၀၀၀ကျပ်ပေးရပါတယ
အဲဒါထိုးပြီးတော့ ပျားရည်နဲ့ဖော်စပ်ထားတဲ့ ဆေးတွေဝယ်ရပါတယ် ၂၂၀၀၀ကျပ်ကျသင့်ပါတယ် ကိစ္စပြီးတော့ ကျောင်းကနေ ညောင်ဦးမြို့ထဲကတည်းခိုခန်းကိုပြန်ပါတယ် အဲဒီညက အကိုဟာ အိပ်လို့ပျော်တယ်လို့ပြောပါတယ် အရင်ကကောင်းကောင်းမအိပ်ရဘူးသိရလို့ ဆေးကစွမ်းသားပဲဆိုပြီး ကျွန်တော်တို့ ညီအကိုတွေပျော်လိုက်ကြတာ။
နောက်နေ့ ၁၁-၆-၂၂မနက်စာစားတော့ အကိုတယောက် စားနိူင်သောက်နိူင်လာတာတွေ့ရတော့ ဘုန်းကြီးဆေးကစွမ်းလှချည်လားဆိုပြီး ညီအကိုတွေဝမ်းသာကြည်နူးကြရတာအတိုင်းထက်အလွန်ပါပဲ။
နေ့လည်စာလည်းဆိုင်ကထမင်းတပွဲအပြင်လိုက်ပွဲပါအကိုစားနိူင်တာမြင်တော့ ငါတို့ဒီကိုလာရကျိုးနပ်ပြီလို့ပျော်နေမိခဲ့ကြပါတယ်
ဒုတိယနေ့ ဆေးဆက်ထိုးရပါတယ်။ဆေး၂လုံးထိုးရပါတယ် ဒါပေမယ့် အဲဒီညကအကိုအိပ်မပျော်ဘူးလို့ပြောပါတယ် ဝမ်းတွေလည်းသွားတယ်ပြောတယ်




မနက်အိပ်ယာနိူးတော့ အကိုသိပ်မရွှင်လန်းပါဘူး ဒါနဲ့မနက်စာစားတော့လည်း ပထမနေ့ဆေးထိုးပြီးသလိုမျိုး မစားနိူင်တော့ပါဘူး
ဒါနဲ့တတိယနေ့ ၁၂-၆-၂၂ ဆေး၂လုံးဆက်ထိုးကြရပါတယ် ဆေးတခါထိုးတိုင်း၁၀၀၀၀ပေးရပါတယ် အဲဒီညလည်းအကိုကောင်းကောင်းအိပ်မပျော်ပါဘူး အစားစားလည်းနည်းသွားပါတယ် လူကလမ်းတောင်သူ့ဘာသာမလျှောက်နိူင်တော့ပါဘူး ဒါနဲ့ ၄ရက်မြောက်နေ့ ၁၃-၆-၂၂မှာ ဆေး၂လုံးထပ်ထိုးရပါတယ် အဲဒီညကဆိုအကိုအိပ်လို့ကိုမပျော်ဘူးပြောပါတယ်
အစားလည်းစားချင်စိတ်မရှိတော့ပါ နောက်နေ့မနက်အိပ်ယာကထတော့ အကိုလမ်းကောင်းကောင်းမလျှောက်နိူင်တော့ပါဘူး ၁၄-၆-၂၂မနက် ကန်တော်ဘုန်းကြီးကျောင်းမှာ ဆေး၂လုံးထိုးပြီး




ကျွန်တော်တို့ရန်ကုန်ကိုပြန်ခဲ့ကြပါတယ် အကိုကတော့ အဲဒီမနက်ကတည်းက မျက်နှာကဝေဒနါခံစားနေရလို့ရှုံ့မဲ့နေပါပြီ ဘုန်းကြီးကိုလည်းလျှောက်ခဲ့ပါတယ်
နောက်၂ပတ်နေရင် ဒါမှမဟုတ် ၁လနေရင်တခေါက်ပြန်လာပြဖို့ မိန့်ပါတယ် အပြန်ခရီးတလျှောက်လုံးမှာ အကိုဟာဝေဒနါကို အပြင်းအထန်ခံစားပြီး ဝမ်းကသွားနေတော့ ဓာတ်ဆီဆိုင်တိုင်း




စားသောက်ဆိုင်တိုင်း အိမ်သာဝင်ရပါတယ် ညောင်ဦးကိုရန်ကုန်ကအသွားတုန်းက သူ့ဘာသာလမ်းလျှောက်နိူင်တဲ့အကိုဟာ ဘုန်းကြီးနဲ့တွေ့ပြီးဆေးကုပြီးချိန်မှာ
ဘေးကလူနှစ်ယောက်တွဲမှလျှောက်နိူင်တဲ့အခြေအနေဖြစ်သွားပြီ ရန်ကုန်ကသူ့အိမ်ကို 14-6-22 ည၈ခွဲလောက်ရောက်ပါတယ် ကျွန်တော်တို့လည်းကိုယ်အိမ်ကိုယ်ပြန်ခဲ့ကြပါတယ်။ ၁၅-၆-၂၂မနက် ၅နာရီခွဲလောက်မှာကျွန်တော့်ညီဆီကဖုန်းလာတယ် အကိုဆုံးပြီတဲ့ဗျာ ။
အသဲရောဂါဝေဒနါရှင်အကိုက အခြေအနေဆိုးဆိုးဝါးဝါးကြီးမဟုတ်သေးပါ နေမယ်ဆို ဆရာဝန်ပြောကြားချက်အရ ၆လလောက်နေလို့ရသေးတဲ့ အခြေအနေပါ အဲဒီဘုန်းကြီးကျောင်းမှာဆေး၁၀လုံး (တရက်၂လုံး)ထိုးပြီးနောက်တနေ့မှာပဲ ဆုံးပါးသွားတာဟာ မယုံနိူင်စရာပါပဲ ဒီလောက်မြန်မြန်ဆန်ဆန်ဆုံးပါးသွားတာဟာ
ရောဂါကျွမ်းနေလို့မဟုတ်ဘူးဆိုတာ ကာယကံရှင်ကျွန်တော်တို့အသိပါ ဒါဆို ဖြစ်နိူင်ခြေက ဆေးအမှားကြောင့်လားဆိုတာသုံးသပ်ရမှာ။ အဲဒီမှာက ဘာရောဂါသည်လာလာ ဖျားနာတာကနေ




သွေးဆုံးမီးယပ် လေဖြတ် ကင်ဆာ လိပ်ခေါင်းကအစ အဲဒီအဝါရောင်ဆေး၂လုံးကို ရောဂါသည်တိုင်းထိုးနေတာ ကိုယ်တွေ့မြင်နေရတော့ သံသယရှိခဲ့တာအမှန်ပါ
ဆေးဆိုတာ အနာကိုလိုက်ပြီးထိုးရတာကို ဘာလာလာ လူတိုင်းအဲဒီအဝါရောင်ဆေးချည်းထိုးနေတာက သဘာဝမကျဘူးထင်ပါတယ် တော်ယုံရောဂါတွေကိုပျောက်နိူင်ပေမယ့် တကယ့်အသက်အန္တရယ်စိုးရိမ်ရတဲ့ ကင်ဆာလိုမျိုးရောဂါကိုလည်း ဒီဆေးပဲထိုးတာက အနာတခြား ဆေးတခြားလိုဖြစ်နေသလားလို့ သုံးသပ်မိပါတယ်
နောက်ဆေးပေးရာမှာလည်း လူတိုင်း နေ့ဆေး ညဆေး တတို့ဆေး တပုံစံတည်းပေးနေတာတွေ့ရပါတယ် ဆေးတမျိုးတည်းနဲ့ရောဂါပေါင်းစုံကုနေသလိုဖြစ်နေသလားသုံးသပ်မိတယ် အဲဒီတော့တချို့




အသက်အန္တရယ်မစိုးရိမ်ရတဲ့ရောဂါဝေဒနါတွေကပျောက်ချင်ပျောက်နိူင်ပေမယ့် ကျွန်တော့်အကိုလိုကင်ဆာဝေဒနါအတွက်ကတော့ ကောင်းကျိုးထက်ဆိုးကျိုးသာပိုများနိူင်တာမို့ ကိုယ်တွေ့ဖြစ်ရပ်ကိုမျှဝေခြင်းဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာ ဘယ်လောက်ကောင်းကြောင်း ဘယ်လိုပျောက်ကင်းသက်သာကြောင်း ဖတ်ရယုံနဲ့ယုံကြည်မှု့မလွန်ကဲပဲ သေသေချာချာစုံစမ်းလေ့လာပြီးမှ




သာ သွားရောက်ကုသစေချင်ပါတယ်လို့ အကိုတယောက်ဆုံးရှုံးပြီးမှ သိရတဲ့အသိကို တခြားသူများကိုယ်လိုမဖြစ်ရအောင် စေတနာထားမျှဝေလိုက်ရပါတယ်။
Credit Original writer