” ချဉ်ပေါင်ကြော် “? ကြော်မယ် (မနက်ဖြန် )
ကျနော်တို့လူမျိုးတွေရဲ့အကြိုက်ဆုံးဟင်း?
တစ်မျိုးတည်းနဲ့လည်း ထမင်းမိန်စေတယ်?
ချဉ်ပေါင်ကြော်ကို
ဘယ်ချိန်စားစားကြိုက်နှစ်သက်ကြပါတယ်။




ကြော်မယ်ဆိုလည်း
ကြော်နည်းအမျိုးမျိုးရှိကြပါတယ်။
တစ်ချို့ကအစိမ်းအတိုင်းထည့်ကြော်ပါတယ်။
တစ်ချို့ကတော့ချဉ်ပေါင်ရွက်ကိုမွှေ
ထွက်လာတဲ့အချဉ်ရည်တွေဖယ်ပြီးမှပြန်ကြော်ပါတယ်။
(ဒါကတော့အချဉ်သိပ်မများတော့ဘူးပေါ့)
ချဉ်ပေါင်ရွက် ကို နေလှန်းပြီးမှ
ခြောက်ခြောက်လေးပြန်ကြော်တာလည်းတွေ့ရပါတယ်။




ကျနော်ကအချဉ်ကြိုက်သူမို့
အစိမ်းအရွက်တိုင်းရေဆေးပြီးထည့်ကြော်ပါတယ်။




ကြော်နည်းလေးရေးပေးပါမယ်။
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငရုတ်သီး တို့ကို
ညက်အောင်ထောင်းပြီး
နနွင်းမှုန့် အနည်းငယ်နဲ့ဆီသပ်ပါ




(ဆီများများနဲ့ကြော်ပါ
ကြော်ပြီးမှမလိုတဲ့ဆီတွေပြန်ခပ်ထုတ်ပါ)
ကြက်သွန်တွေနွမ်းပြီဆို
စိမ်းစားငပိ ထည့်ကြော်ပါ။
ပုစွန်ခြောက်နဲ့ကြော်မယ်ဆိုပုစွန်ခြောက်ထည့်။
ပုစွန်နဲ့ကြော်မယ်ဆိုပုစွန်ထည့်ပါ။




ကြော်နံ့မွှေးလာရင် မျှစ်ထည့်ကြော်ပါ။
ချဉ်ပေါင်ရွက် တွေထည့်ပါ။




အဆက်မပြတ်မွှေရင်းကြော်ပါ။
ချဉ်ပေါင်ရွက် ကအရည်တွေထွက်လာပါလိမ့်မယ်။
ရေကုန်ပြီးဆီပြန်တဲ့ထိကြော်ပါ။
အချိုအငန်အရသာထည့်ပါ




နောက်ဆုံးမှ
နံနံပင်၊ နဲ့ ငရုတ်သီးစိမ်း အုပ်ပါတယ်။
စပ်တာကြိုက်ရင်တော့
ငရုတ်သီးစိမ်းများများထောင်းထည့်ကြော်လို့ရပါတယ်။




Credit
Foodie အိမ်ချက်လက်ယာ