ကြက်ပင်စိမ်းမွှေးမွှေးလေးချက်ကြမယ်

Food

ကြက်ပင်စိမ်းမွှေးမွှေးလေးချက်ကြမယ် 🐔😋🍲 ထိုင်းအစားအစာတွေထဲမှာ ပင်စိမ်းဟင်း ဆိုတာ မြန်မာလူမျိုးတွေ ကြိုက်ရတဲ့ အစားအစာတစ်မျိုးပါ 😍 ဒါကြောင့်မို့လို့ မြန်မာအိမ်ရှင်မတွေအတွက် ဟင်းတစ်မယ် ဖြစ်လာတဲ့ ကြက်ပင်စိမ်း မွှေးမွှေးစပ်စပ်လေးကို ချက်ဖို့ နည်းလမ်းတွေ မျှဝေပေးချင်ပါတယ်။ ချက်ရတာ
တကယ့်ကို လွက်ကူရိုးရှင်းပါတယ် 💓💓💓

ပါဝင်ပစ္စည်းများ
😁😁😁😁
ကြက်ရင်ပုံ ၁၅ ကျပ်သား
ကြက်သွန်နီ ၁ လုံး (ထောင်းထားပါ)
ကြက်သွန်ဖြူ တစ်မြွှာနဲ့ တစ်ဝက် (ထောင်းထားပါ)
ဂျင်း လက်တစ်ဆစ် (ထောင်းထားပါ)
ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း တစ်ဝက်
ပဲငံပြာရည်အနောက် ထမင်းစားဇွန်း တစ်ဝက်
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်နီတောင့် ၄ တောင့် (အရှည်လိုက်ခွဲထားပါ)
ငရုတ်နီအခြောက်တောင့် ၄ တောင့်
ပဲသီး ၃ ချောင်း (လှီးထားပါ)
Baby corn ၇ ခု
ဆီ ထမင်းစားဇွန်း ၄ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပင်စိမ်းရွက် အနည်းငယ်
ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ ထမင်းစားဇွန်း ၅ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ
😋😋😋😋😋😋
၁။ ပထမဆုံးကြက်သားကို အတုံးသေးသေးလေးတွေတုံဒပြီး ကြက်သားမှုန့်ထည့်နယ်ကာ အရသာဝင်အောင်နပ်ထားပါ။
၂။ မီးဖိုပေါ် ဆီထည့်ပြီး မီးအေးအေးနဲ့ ကြက်သွန်ဖြူ၊နီနဲ့ ဂျင်းထောင်းထားပြီးသားကို ထည့်ဆီသတ်ပါ။

၃။ ဆီသတ်တာ အနည်းငယ်နွမ်းလာရင် ကြက်သားထည့်မွှေပါ။ ကြက်သားတုံးလေးတွေ အရောင်ပြောင်းလာရင်တော့ ပဲငံပြာရည်အကြည်၊အနောက်၊ ခရုဆီနဲ့ ငံပြာရည် ၊ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပါ။

၄။ နောက်ဆုံးမှ Baby corn ၊ ပဲသီးနဲ့ ငရုတ်နီတွေ လှီးပြီးသားအကုန်လုံးကိုထည့်၊ ရေထမင်းစားဇွန်း ၅ ဇွန်းခန့်နဲ့ ထည့်မွှေပြီး ပင်စိမ်းအုပ်ပါမယ်။

၅။ အဲ့ဒီလို ရေခမ်းတဲ့အထိတည်ပြီးတာနဲ့ စပ်စပ်လေးနဲ့ အရသာရှိတဲ့ ကြက်ပင်စိမ်းမွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ မြိန်ရေယှက်ရေ စားလို့ရပါပြီ။ Very Good ပါ ❗

😍😍😍 ကြက်ပင်စိမ်းကို ကြက်သားအတုံးသေးသေးလေးတွေတုံးပြီး ချက်လို့ရသလို ကြက်သားကို စက်နဲ့ ကြေအောင်ကျိတ်ပြီးလည်း ချက်လို့ရပါတယ်။ ထမင်းစားခါနီးမှ ကြက်ပင်စိမ်းကို ပူပူနွေးနွေးလေးချက်ပြီးစားရင် အရသာပိုကောင်းပါတယ်။ အစပ်အရသာကတော့ မိမိစိတ်ကြိုက်ပါ။

❌❌❌ မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။

Credit

Leave a Reply

Your email address will not be published.