#အာလူးကတ်တလိပ်ကြော်နည်း (၂) နည်း

Food

နည်း (၁)
🔻လိုအပ်သောပစ္စည်းများ🔺
အာလူး ၊ ကြက်သွန်နီ ၊ ဂျုံမှုန့် (သို့) မုန့်ကြွပ်မှုန့် ၊ ကြက်ဥ ၊ နံနံပင် (သို့) ပျဉ်းတော်သိမ်ရွက် ၊ မဆလာ ၊ ဆား ၊ ငရုတ်ကောင်း ၊ ဆီ

👉ပထမဆုံးအနေနဲ့ အာလူးကိုရေခန်းအောင်ပြုတ်ပါမယ်။
👉အာလူးပြုတ်နေစဉ်အတွင်း ကြက်သွန်နီကိုနုတ်နုတ်စဉ်းထားပါ။
နံနံပင် (သို့) ပျဉ်းတော်သိမ်ရွက်ကိုလည်း နုတ်နုတ်စဉ်းထားပါ။

👉အာလူးနူးသွားလျှင် ကြိတ်ချေပြီး (သို့) ထောင်းပြီး ၊ ကြက်သွန်နီ ၊ နံနံပင် ၊ မဆလာ ၊ ဆား တို့ထည့်ပြီး သမအောင်နယ်ပါ။
👉ပြီးလျှင် အလုံးလေးတွေလုပ်ပြီး ကြက်ဥထဲသို့နှစ်ပါ။

👉ပြီးနောက်ဂျုံမှုန့် (သို့) ပေါင်မုန့်ကြွပ်ကပ်ပြီး ဆီပူပူတွင်ထည့်ကြေ်ာပါ။

👉ရွှေဝါရောင်လေးသန်းလာအောင် ကြော်ပြီးရင်တော့
အရသာရှိသော အာလူးကတ်တလိပ်ကြော်ကို
သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

👇👇👇
နည်း (၂)
#ကြွပ်ကြွပ်ရွရွအရသာငါးကတ်တလိပ်ကြော်

အာလူးကတ်တလိပ်ကြော်ကို စားရတာရိုးလာပါက ငါးကတ်တလိပ်ကြော်ကို အိမ်သားများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်လုပ်စားကြည့်ပါ။

#ပါဝင်ပစ္စည်းများ
ငါးဖယ်ခြစ် – ဆယ့်ငါးကျပ်သား
အာလူး – ဆယ့်ငါးကျပ်သား
ဆား၊ သကြား၊ နနွင်းမှုန့် – အနည်းငယ်
ဂျုံမှုန့် – တစ်ဆယ်သား
ဆီ – နှစ်ဆယ်သား
ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

အာလူးကိုသဲများစင်အောင် ရေဆေး၍ နူးအောင်ပြုတ်ပါ။
ပြီးလျှင် အအေးခံကာ အခွံနွှာပြီး ငါးဖယ်ခြစ်နှင့်အာလူးကို ဆား၊ သကြား၊ နနွင်းမှုန့်တို့ထည့်၍ ရောထောင်းပါ။

ပြီးလျှင် အနေတော်အလုံးလေးများ လုံးပြီး ဂျုံမှုန့်နဲ့အပေါ်အောက်လူးလှိမ့်ပေး၍ ဆီပူအိုးထဲ ထည့်ကြော်ပါ။
ကြော်တဲ့အခါမှာ အကျက်ညီအောင် အပေါ်အောက်လှန်ပေးပါ။

နီရဲပြီး ရွှေဝါရောင်သမ်းလာလျှင် ပန်းကန်ထဲဆယ်ထည့်လို့ ရပါပြီ။

အိမ်သားများနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်များနဲ့ တွဲဖက်စားသုံးလျှင် ပိုမိုကောင်းမွန်ပါတယ်။

#Credit MyFood Myanmar

Leave a Reply

Your email address will not be published.