ခင်ပွန်းဖြစ်သူအလုပ်သွားချိန် ဇနီးကတခြားလူနဲ့ချိန်းတွေ့နေတုန်း ၉နှစ်အရွယ်သားလေး ဗီရိုထဲဝင်ပုန်းနေသောအခါ

Knowledge

ခင်ပွန်းဖြစ်သူ အလုပ်သွားနေတုန်း ဇနီးသည် က တခြား ယောက်ျား တစ်ယောက်နဲ့ ဖောက်ပြန်လေသည်။

ဇနီး ဖြစ်သူ မှာ ၉ နှစ်အရွယ်သူ့သားလေး အိပ်ခန်း ဗီရိုထဲဝင်ပုန်းနေတာကို သတိမထားမိခဲ့ပေ။ ထိုအချိန်တွင် ခင်ပွန်းဖြစ်သူက

မမျှော်လင့်ဘဲ အိမ်ပြန်လာသဖြင့် ဇနီး ဖြစ်သူက ဖောက်ပြန်သူ ယောက်ျား ကို ဗီရို ထဲဝင်ပုန်းခိုင်းလိုက်ရာ ကောင်လေးနှင့် နှစ်ဦးသားတွေကြလေတော့သည်။

ကောင်လေးက စကားစပြောသည်။ “အထဲမှာမှောင်တယ်နော်” “အင်း” “ကျွန်တော့်မှာ ဘေ့စ်ဘော ဘောလုံးရှိတယ်ဗျ “အေး ကောင်းတာပေါ့”

“ဝယ်မလား” “မဝယ်ပါဘူး” “အဖေ အပြင်မှာရှိတယ်နော်”“အေးပါကွာ၊ ဘယ်လောက်ပေးရမလဲ” “ပေါင် ၂၅၀”


ရက်အနည်းငယ်ကြာသောအခါ ထိုအဖြစ်မျိုးထပ်ကြုံပြန်ရာ ကောင်လေးနဲ့ နှစ်ယောက်သား ဗီရို ထဲတွင်ထပ်ဆုံလေသည်။

ကောင်လေးက ထပ်ပြောပြန်သည်။ “အထဲမှာမှောင်တယ်နော်” “အင်း” “ကျွန်တော့် မှာ ဘေ့စ်ဘော လက်အိတ်ရှိတယ်”


“အေး ကောင်းတာပေါ့” “ဝယ်မလား” “မဝယ်ပါဘူး” “ကျွန်တော် ပြန်ပြောလိုက်မှာနော်” “ကဲပြော ပြော။ ဘယ်လောက် ပေးရမလဲ” “ပေါင် ၇၅၀” “ရော့ကွာ ရော့ရော့”


ရက်အနည်းငယ်ကြာသောအခါ အဖေ ဖြစ်သူက ကောင်လေး ကိုပြောတယ် “အပြင်ထွက်ပြီး ဘေ့စ်ဘော ကစားရအောင်၊ မင်းလက်အိတ်နဲ့ ဘောလုံးယူခဲ့”

“မရှိတော့ဘူး။ အကုန်ရောင်းပစ်လိုက်ပြီ” “ဟာ မင်းဘယ်လောက်နဲ့ရောင်းပစ်လိုက်တာလဲကွ” “ပေါင် ၁၀၀၀”

“မင်း သူငယ်ချင်း တစ်ယောက်ကို ဒီလိုမျိုး မူရင်းတန်ဖိုးထက် အမြတ် ကြီးစား ဈေးတင်ပြီး မရောင်းသင့်ဘူးကွ…။

မင်းကို ဘုရားကျောင်းခေါ်သွားပြီး အပြစ် ကို ဝန်ခံဆေးကြောမှရမယ်” သားအဖနှစ်ယောက် ဘုရားကျောင်းသွားပြီး

ဘုန်းတော်ကြီးဆီမှာ အပြစ် ဝန်ခံဖို့ အသိပေးလိုက်တယ်။ ပြီးတော့ ကောင်လေး ကို အပြစ် ဝန်ခံဖို့အခန်းငယ်ထဲမှာ ထိုင်ခိုင်းလိုက်တယ်…။


အပြင်ကတံခါးပိတ်ထားလိုက်တဲ့အခါ ကောင်လေး ကစပြောတယ်။ “အထဲမှာမှောင်တယ်နော်” အဲဒါကြားတာနဲ့

တဖက်မှာရှိတဲ့ ဘုန်တော်ကြီး က ချက်ချင်းပြန်ပြောလိုက်တယ်…

“ခွေးမသားလေးမင်းဘာစောက်ဇဂါးပြောထည့်လိုက်တာဋဲ…”တဲ့….။

ဘဝအမောတွေ ပြေပျောက်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါသည်…။

Credit : yomalan

Leave a Reply

Your email address will not be published.