ပေါင်းအိုးနဲ့ အလွယ်တကူဒံပေါက်ချက်စားကြမယ်။ 😋😋 အပြောင်းအလဲလေးဖြစ်တာပေါ့။

Food

ပေါင်းအိုးနဲ့ အလွယ်တကူဒံပေါက်ချက်စားကြမယ်။ 😋😋 အပြောင်းအလဲလေးဖြစ်တာပေါ့။

ပါဝင်ပစ္စည်းများ – (ဆန်၃လုံး လူ၆ယောက်စာ)
ကြက်, ထမင်း, ဥနီ, ပဲစိမ်း, သီဟိုစေ့, စပျစ်စေ့, ဆီချက်, အရောင်တင်မှုန့်

ပြုလုပ်နည်း –
ထမင်းပေါင်းအိုးထဲကို ဆားနှင့်သကြားပါထည့်, လေးညှင်း, သစ်ကျပိုးခေါက်, ဖာလာစေ့, နံနံစေ့, ကုလားဝေးရွက်တို့ ရေဆေးပြီးတခါတည်းထည့်ချက်, ကျက်ရင် ကာလာအရောင်အတွက် အရောင်တင်မှုန့်ကို နို့စိမ်းနဲ့ဖျော် အပေါ်ကဖြူး, သီဟိုစေ့, ပဲစိမ်း, စပျစ်စေ့, ပြီးရင်မွှေပြီးထမင်းနှပ်ထားပါ။

ကြက်သားချက်နည်း (အနှစ်လုပ်နည်းပါ) –

ကြက်သားကို အရမ်းမငန်ရ (ကြက်နီမကိုသုံး) အချိုမှုန့်, ဆား, ဂျင်း, ကြက်သွန်ဖြူ, အနီထောင်း, အရောင်တင်မှုန့်၊ ဒိန်ချဉ်(အသားနူးအောင်), ဒံပေါက်မဆလာ (ကုလားလေးမဆလာပါထည့်)နှင့် နယ်ထားပါ။
ဒယ်အိုးထဲကို ကြက်သွန်နီဆီသတ်, ထောပတ်ထည့်, ဆီဆူရင်ကြက်သားထည့်လုံး, နူးအောင်ချက်ပြီးအဖုံးအုပ်ထား။

ကြက်သားနူးခါနီးမှာ မုန်လာဥနီကြိတ်ပြီးထည့် (မီးအေးအေးထား, အနှစ်အတွက်အဓိကထည့်တာပါ) (ခရမ်းချဉ်သီး/သင်္ဘောသီးလည်းသုံးလို့ရပါတယ်, မုန်လာဥနီကိုအသုံးများပါတယ်)။

ပြောရင်းနဲ့ကို ဒံပေါက်ကကျက်သွားပြီ 😄😄
ပန်းကန်လေးသာယူခဲ့တော့ 😋😋

Crd

ပေါငြးအိုးနဲ့ အလှယတြကူဒံပေါကခြကွစြားကှမယြ။ 😋😋 အပှောငြးအလဲလေးဖှဈတာပေါ့။






Crd.🥰

Leave a Reply

Your email address will not be published.