ငါးခူစင်းကောင်
ချက်ရန် ပါဥ်းကောဝင်ပစ္စည်းများ –
ငါးခူ – ၃၀ သား
ကြက်သွန်ဖြူ – ၃ လုံး
ကြက်သွန်နီ – ၅ လုံး
ဂျင်း လက်တဆစ်ခန့်
နနွင်းမှုန့် အနည်းငယ်
ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
ငရုတ်သီး အပွတောင့် ၆ တောင့်ခန့်
ဆား အနည်းငယ်
ငရုပ်ကောင်း ၃စေ့
အသားမှုန့် အနည်းငယ် ပြင်ဆင်ထားပါ။
ငါးခူ အသားချည်းပဲရအောင် အရိုးများထုတ်ပါ။
ငါးအသားများကို အသားမှုန့်၊ဆား၊နနွင်း၊ငရုတ်ကောင်းများဖြင့် နယ်နှပ်ထားပါ။သံပရာသီး ညှစ်ထည့်ထားရင် ပိုကောင်းမွန်ပါတယ်။
ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျင်း၊ငရုတ်သီးတောင့်တို့ကို ညက်အောင်ထောင်ပြီး ဆီကျက်ကျက်ထဲ ထည့်ပြီး ဆီသတ်ပါ။
ပြီးရင် နယ်နှပ်ထားသော ငါးခူအသားများ ထည့်ပြီး ရေငါးကျက်ရုံအနည်းငယ် ထည့်ကာ တင်ထားပါ။
ဆီပြန်လာရင် ပင်စင်းလေးအုပ်ချင်လည်းရပါတယ်။
#Credit Freshshops
ငါးခူစဥြးကော
ခကွရြနြ ပါဝငပြဈစညြးမွား –
ငါးခူ – ၃၀ သား
#Credit Freshshops