ငါးသံပုရာပေါင်းလုပ်နည်း မျှဝေလိုက်ပီနော် ?

Food

ငါးသံပုရာပေါင်းလုပ်နည်း မျှဝေလိုက်ပီနော် ?

ပါဝင်ပစ္စည်းတွေကတော့
စလားဗီယားငါး အကောင်သင့် (1) ကောင်
(ကက္ကတစ်လည်းအသုံးပြုနိုင်ပါတယ်)
ကြက်သွန်ဖြူ/နီ ချင်းလက်တသစ် နံနံပင်
ကြက်သွန်မြိတ် ငရုတ်စိမ်း/နီ သံပုရာသီး
*******************************************

ပြုလုပ်ပုံ အဆင့်(1)
ပထမဆုံးငါးကိုဗိုက်တွေကအစအကုန်ပြောင်စင်နေအောင်ဆေးရမယ် ပြီးရင် ကန့်လန့်ဖြတ်မွှန်းပြီး အချိုမှုန့် ဆား ကြက်သားမှုန့်နဲ့ အရသာဝင်အောင်နယ်ပေးပြီး ၅မိနစ်လောက်ထားထားမယ်

ပြီးရင်တော့ ပေါင်းအိုးရှိတဲ့သူတွေက ပေါင်းအိုးသုံး မရှိတဲ့သူတွေက ဒယ်နီကိုရေထည့်ပြီးဝါးခြမ်းပြားနှစ်ခုကန့်လန့်ခံ ပန်းကန်ပြားပေါ်ငါးထည့်ပြီး အဖုံးအုပ်ပေါင်းပေးရမယ်

ပြုလုပ်ပုံ အဆင့်(2)
ကြက်သွန်ဖြူ/နီ ဂျင်း ငရုတ်စိမ်း/နီ ရောထောင်းထားမယ် နံနံပင်/ကြက်သွန်မြိတ် ပါးပါးလှီးမယ်
သံပုရာသီးကို အကွင်းလှလှလေးရယ် အရေညှစ်ဖို့ရယ်နှစ်မျိုးလှီးထားမယ်

ပြုလုပ်ပုံ အဆင့်(3)
အဆင့်(2)မှာပြောထားတာတွေကို ရေကျတ်အေးနဲ့ အချိုမှုန့် ဆား ကြက်သားမှုန့် ထည့်ပြီးမွှေပေးရပါမယ် သံပုရာသီးလည်းထည့်ညှစ်ပေးရပါမယ်နော်

နောက်ဆုံးတော့ ပေါင်းထားတဲ့ငါးပေါ်ကိုဖျော်ထားတဲ့အရည်လောင်းထည့် သံပုရာသီးအကွင်းလေးတွေကို လှလှပပတင်လိုက်ရင် အရသာရှိတဲ့ငါးသံပုရာပေါင်းရပါပြီနော်

Edit အချဉ်အစပ်လေးလေးကြိုက်တဲ့သူတွေကငရုတ်သီး/သံပုရာပိုထည့်ဖျော်မယ်နော်

Credit
#ချက်စားကြည့်-Chat Sarr Kyii

Leave a Reply

Your email address will not be published.