ဒါမျိုးတွေက ရှားပါးတယ်….. ခရုအုန်းအတွင်းမှ အမြုတေပုလဲရရှိတဲ့ ဇနီးမောင်နှံံ

News

ဒါမျိုးတွေက ရှားပါးတယ်….. ခရုအုန်းအတွင်းမှ အမြုတေပုလဲရရှိတဲ့ ဇနီးမောင်နှံံ

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ကော်မယ်အနောက် ကျေးရွာတွင်နေထိုင်သူ ကိုရိုက်ခေါင်း(ခ)ကိုထက်နိုင်ဝင်းသည် ယနေ့မနက် ပင်လယ်ထဲပိုက်ဆွဲရာမှရရှိလာသောခရုအုန်းအား ဟင်းချက်ရန် ခွဲထုတ်ရာမှာပုံပါအတိုင်း ရွှေရောင်သန်းလျက်ရှိသော အမြုတေတစ်လုံးကိုရရှိခဲ့ပါသည်။

လူသိနည်းသည့် ရတနာ တစ်ပါး သို့မဟုတ် ခရုအုန်း အမြုတေ။ ပင်လယ် ငါးဖမ်းလှေများတွင် ဖမ်းယူ ရရှိသည့် ခရုအုန်း(ခေါ်) အုန်းခရု တစ်မျိုးအတွင်းမှ တစ်ခာတစ်ရံ ရရှိတတ်သည့် ခရုအုန်း အမြုတေသည် တန်ဖိုးကြီးမားသည် ရတနာတစ်ပါး းဖြစ်သည်ကိုကား သိသူနည်းလှပေသည်။

ကမ္ဘာအရပ်ရပ်၌ ခရုမျိုးစိတ်ပေါင်း ၆၅ဝဝဝ ကျော်ခန့်ရှိရာ(၁)ဂစ်စထရိပဒါ၊ (၂)လမယ်လီဗရန် ကီးယား၊ (၃) ဆယ်ဖလော်ပဒါ၊ (၄)အမ်ဖီနျူရာ၊ (၅)စကက်ဖိုပဒါဟူ၍ ခရုအမျိုးအစား ငါးမျိုးရှိရာ ခရုအုန်း သို့မဟုတ် အုန်းခရုသည် ဂစ်စထရိပဒါ အမျိုးအစားတွင် ပါဝင်သည်။

ဂစ်စထရိပဒါဟူသော ဝေါဟာရမှာ ဝမ်းဗိုက်ဖြင့် သွားလာသော သတ္တဝါမျိုးဟု အဓိပ္ပာယ်ရပေရာ ပက်ကျိနှင့် ရေချိုရေငန်အပြင် ကုန်းပေါ်၌ တွေ့ရတတ်သည့် ခရု အမျိုးမျိုး ပါဝင်သည်။

အဆိုပါ ခရု အမျိုးအစားများသည် မိမိဝမ်းဗိုက် အရေပြားကို မြေပေါ်၌ တွန့်၍ တွန့်၍ တစ်နေရာမှ တစ်နေရာသို့ တွားသွားတတ်ကြသည်။

ခရုအုန်း သို့မဟုတ် အုန်းခရုသည် ပင်လယ်ကြမ်းပြင်တွင် ကျက်စား နေထိုင်သည့် ခရုတစ်မျိုး ဖြစ်သည်။ အဆိုပါခရုသည် အခွံခွာထားသည့် အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း သို့မဟုတ် အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် အခွံမာပြီး အခွံပေါ်တွင် အစက်ပြောက်များ အနည်းငယ်ရှိသည်။

လုံးပတ်အချင်း ၈ လက်မမှ ၁၉ လက်မအထိ အသက်အရွယ်လိုက်၍ အရွယ်အစား အမျိုးမျိုးရှိသည်။ အခွံအတွင်း အသားမှာ အစင်းများ ပါရှိပြီး အသားကို စားသုံးရန် အဓိကထားကြသည်။ ငါးဖမ်းပိုက်လှေများတွင် အခါအားလျော်စွာ ဖမ်းဆီးရမိသည့် အခြား ငါးများနှင့်အတူ ပင်လယ်ကြမ်းပြင်မှတစ်ဆင့် ပိုက်အတွင်း ဖမ်းဆီး ရမိတတ်ကြသည်။

အသားကို ရေနွေးဖြင့် ပြုတ်၍ ပါးပါးလှီးကာ သုပ်စားလေ့ရှိသည်။ခရုအုန်း အသားသုပ်၏ အနေအထားနှင့် အရသာမှာ ဝက်နားရွက်သုပ်နှင့် ဆင်တူသည်။

ဟိုတယ်များတွင် ခရုအုန်း အသုပ်တစ်ပွဲလျှင် ငွေကျပ် သောင်းကျော်ခန့် ပေးရတတ်သည်။ခရုအုန်း သို့မဟုတ် အုန်းခရုအခွံကို ကနုကမာ နည်းပညာဖြင့်

လက်ဝတ်ရတနာ သိမ်းဆည်းသည့်ဘူး၊ ဆေးလိပ်ဘူး၊ ဆေးလိပ်ပြာခံခွက်နှင့် အခြားအနုပညာ မြောက်ပစ္စည်း ပေါင်းများစွာ ဖန်တီးထုတ်လုပ်ကြသည်။

အတွင်းအသားထဲတွင် မုတ်ကောင်အတွင်း ပုလဲဖြစ်တည်သည့် ဖြစ်စဉ်ကဲ့သို့ သဘာဝအလျောက် ဖြစ်တည်နေသည့် ခရုအုန်း အမြုတေကို ရရှိတတ်သည်။

ဒေသခံများက ခရုအုန်း ပုလဲဟုခေါ်ကြသည်။ ပုလဲ ပုံသဏ္ဌာန်မှာ လုံးဝန်းသည့် သဏ္ဌာန်နှင့် ကြက်ဥ ပုံသဏ္ဌာန် အတွေ့ရများသည်။ အရွယ်အစား အမျိုးမျိုး တွေ့ရတတ်သည်။

အထူးသဖြင့် မုတ်ကောင်မှ ရသည့် သဘာဝ ပုလဲ၏ အရွယ်အစားဖြင့် ရရှိလေ့ ရှိသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ရွှေအိုရောင် အဆင်းကဲ့သို့ရှိပြီး ပုလဲ မျက်နှာပြင်ပေါ်တွင် သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် အစင်းများ၊ အရစ်များ ပုံသဏ္ဌာန် အမျိုးမျိုး ကျစ်လျစ် သိပ်သည်းစွာ ဖြစ်တည် နေလေ့ရှိသည်။

ခရုအုန်း ပုလဲကို ခရုအုန်း အကောင်တိုင်းတွင် တွေ့ရလေ့ မရှိဘဲ တစ်ခါ တစ်ရံမှသာ ရရှိတတ်သည့် ရှားပါး စာရင်းဝင် ရတနာ တစ်ပါးဖြစ်ရာ အရောင်အသွေးနှင့် အလေးချိန်ကို လိုက်၍ ငွေကြေး တတ်နိုင်သူများ သိန်းရာချီ ပေးဝယ် ယူတတ်ကြသည်

အရှေ့အလယ်ပိုင်း ဒေသများမှ သူဌေးသူကြွယ်များ၊ ဥရောပနှင့် အမေရိကမှ ရတနာကုန်သည်များ ဈေးကြီးပေးဝယ် တတ်ကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ ဂုဏ်သရေရှိ သူဌေးသူကြွယ်များ အဆောင်လက်စွပ်အဖြစ် ဆင်မြန်းလေ့ရှိကြောင်း သိရသည်။

Credit:Htoo Daily

Leave a Reply

Your email address will not be published.