လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးရဲဘော် နေခန့်နိုင်က Dark Shadow အဖွဲ့ကို ဖမ်းဆီးရန် စစ်တပ်သတင်းပေး လုပ်ခဲ့ဟု စွပ်စွဲ ဖော်ထုတ်
ရန်ကုန်၊ ဇွန် ၂၁
လူငယ့်ခေတ်
လူမှုကွန်ရက်စာမျက်နှာတွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးရဲဘော် ကိုနေခန့်နိုင်သည် ရန်ကုန်မြို့ပြပြောက်ကျားရဲဘော်များကို ဖမ်းဆီးနိုင်ရန်အတွက် စစ်ကောင်စီကို ကူညီပေးခဲ့သည်ဟု Dark Shadow မြို့ပြပြောက်ကျားအဖွဲ့ကို တည်ထောင်ခဲ့သူ ကိုချမ်းငြိမ်းသူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားကာ စွပ်စွဲ ဖော်ထုတ်ခဲ့သည်။




ကိုနေခန့်နိုင်သည် ငရုတ်သီးဟူသော အမည်ဝှက်ဖြင့် Dark Shadow အဖွဲ့သို့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ချိတ်ဆက်ကာ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနှင့် စစ်ဆင်ရေးတစ်ခုကို လက်တွဲလုပ်ကိုင်စဉ် Dark Shadow အဖွဲ့၀င် ၃ ဦးဖမ်းဆီးခံခဲ့သည်ဟု ၎င်းက ရေးသားခဲ့သည်။
“ထောင်ထဲက ရဲဘော်တွေက ငရုတ်သီး ဒလန်လုပ်တာကို တရားရုံးထုတ်တိုင်း ပြောတယ်။ သူ့ကြောင့် ကျွန်တော်တို့ ၀ပ်ကျင်း အစီးခံရတယ်။ ရဲဘော်တွေလည်း တောထဲပြေးကုန်ရတယ်”ဟု ကိုငြိမ်းချမ်းသူက ပြောသည်။
ကိုနေခန့်နိုင် (ခ) ငရုတ်သီးသည် ရန်ကုန်မြို့သို့ ပြန်လည် မရောက်ခင်က အမျိုးသားညီညွှတ်ရေးအစိုးရ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ညိုတပ်ရင်း တပ်ခွဲ ၂ မှ တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်သည်ဟု တော်လှန်ရေးသမားများက ထုတ်ဖော်ရေးသားကြသော်လည်း လူငယ့်ခေတ်အနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။




“ကျွန်တော် အကုန်ဖြေရှင်းမှာပါ။ ကျွန်တော်ပြောလည်း ယုံမှာ မဟုတ်တဲ့အတွက် ကျွန်တော့်ခေါင်းဆောင်ကို ပြောထားပါတယ်။ သူ ပို့စ်တင်ပြီး ဖြေရှင်းပေးပါလိမ့်မယ် ခင်ဗျာ” ကိုနေခန့်နိုင်က လူငယ့်ခေတ်သို့ ပြောသည်။
ရုပ်ရည်ပြေပြစ်သော ကိုနေခန့်နိုင် ငရုတ်သီးထောင်းနေသည့် ဓာတ်ပုံ ၁ ပုံမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် လူမှုကွန်ရက်၌ ပျံ့နှ့ံလာရာ တော်လှန်ရေးကို အားပေးသည့် အချို့သောအမျိုးသမီးငယ်များအကြား၌ လူပြောများခဲ့သေးသည်။
Dark Shadow မြို့ပြပျောက်ကျားအဖဲွ့ တည်ထောင်သူ ကိုချမ်းငြိမ်းသူကလည်း ကာယကံရှင် ကိုနေခန့်နိုင် အနေဖြင့် အဆိုပါ စွပ်စွဲချက်မမှန်ကန်ပါက သက်ဆိုင်သည့် လူကြီးဖြင့် ရှင်းလင်းရန်လည်း ပြောထားသည်။
လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးရဲဘော် နေခန့်နိုင်က Dark Shadow အဖွဲ့ကို ဖမ်းဆီးရန် စစ်တပ်သတင်းပေး လုပ်ခဲ့ဟု စွပ်စွဲ ဖော်ထုတ်




ရန်ကုန်၊ ဇွန် ၂၁
လူငယ့်ခေတ်
လူမှုကွန်ရက်စာမျက်နှာတွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးရဲဘော် ကိုနေခန့်နိုင်သည် ရန်ကုန်မြို့ပြပြောက်ကျားရဲဘော်များကို ဖမ်းဆီးနိုင်ရန်အတွက် စစ်ကောင်စီကို ကူညီပေးခဲ့သည်ဟု Dark Shadow မြို့ပြပြောက်ကျားအဖွဲ့ကို တည်ထောင်ခဲ့သူ ကိုချမ်းငြိမ်းသူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားကာ စွပ်စွဲ ဖော်ထုတ်ခဲ့သည်။
ကိုနေခန့်နိုင်သည် ငရုတ်သီးဟူသော အမည်ဝှက်ဖြင့် Dark Shadow အဖွဲ့သို့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ချိတ်ဆက်ကာ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနှင့် စစ်ဆင်ရေးတစ်ခုကို လက်တွဲလုပ်ကိုင်စဉ် Dark Shadow အဖွဲ့ဝင် ၃ ဦးဖမ်းဆီးခံခဲ့သည်ဟု ၎င်းက ရေးသားခဲ့သည်။
“ထောင်ထဲက ရဲဘော်တွေက ငရုတ်သီး ဒလန်လုပ်တာကို တရားရုံးထုတ်တိုင်း ပြောတယ်။ သူ့ကြောင့် ကျွန်တော်တို့ ဝပ်ကျင်း အစီးခံရတယ်။ ရဲဘော်တွေလည်း တောထဲပြေးကုန်ရတယ်”ဟု ကိုငြိမ်းချမ်းသူက ပြောသည်။




ကိုနေခန့်နိုင် (ခ) ငရုတ်သီးသည် ရန်ကုန်မြို့သို့ ပြန်လည် မရောက်ခင်က အမျိုးသားညီညွှတ်ရေးအစိုးရ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ညိုတပ်ရင်း တပ်ခွဲ ၂ မှ တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်သည်ဟု တော်လှန်ရေးသမားများက ထုတ်ဖော်ရေးသားကြသော်လည်း လူငယ့်ခေတ်အနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။
“ကျွန်တော် အကုန်ဖြေရှင်းမှာပါ။ ကျွန်တော်ပြောလည်း ယုံမှာ မဟုတ်တဲ့အတွက် ကျွန်တော့်ခေါင်းဆောင်ကို ပြောထားပါတယ်။ သူ ပို့စ်တင်ပြီး ဖြေရှင်းပေးပါလိမ့်မယ် ခင်ဗျာ” ကိုနေခန့်နိုင်က လူငယ့်ခေတ်သို့ ပြောသည်။




ရုပ်ရည်ပြေပြစ်သော ကိုနေခန့်နိုင် ငရုတ်သီးထောင်းနေသည့် ဓာတ်ပုံ ၁ ပုံမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာရာ တော်လှန်ရေးကို အားပေးသည့် အချို့သောအမျိုးသမီးငယ်များအကြား၌ လူပြောများခဲ့သေးသည်။
Dark Shadow မြို့ပြပျောက်ကျားအဖွဲ့ တည်ထောင်သူ ကိုချမ်းငြိမ်းသူကလည်း ကာယကံရှင် ကိုနေခန့်နိုင် အနေဖြင့် အဆိုပါ စွပ်စွဲချက်မမှန်ကန်ပါက သက်ဆိုင်သည့် လူကြီးဖြင့် ရှင်းလင်းရန်လည်း ပြောထားသည်။
Credit – Original Writer