ဝက်နံရိုးပြုတ်ကြော်နည်းလေးပါရှင့်

Food

ဝက်နံရိုးပြုတ်ကြော်
°°°°°°°°°°°°°°°°°°

သိပ်ကိုလွယ်ကူရိုးရှင်းလှတဲ့နည်းဖြစ်ပါတယ်။
တွဲဖက်အတွက်ခရမ်းချဉ်သီးငါးပိချက်လေးချက်၊ဟင်းရည်လေးတစ်ခုလောက်ဖန်တီးလိုက်ရင်တစ်နှပ်စာအတွက်အဆင်ပြေစေအုံးမှာပါ။

အဆီဖုံးနံရိုး…………၅၀ကျပ်သား
ချင်းကြီးကြီး……………၁တက်
သကြား………………..၁ဇွန်း
ပဲငံပြာရည်အကြည်……၂ဇွန်း
ဟင်းချက်ဝိုင်……………အနည်းငယ်
ဆား+ဟင်းခတ်မှုန့်……သင့်ရုံ

ဝက်နံရိုးတွေကိုရေဆေးသန့်စင်ပါ။မိမိနှစ်သက်သောအရွယ်အတုံးလေးများတုံးပြီးပါကပါဝင်ပစ္စည်းအားလုံးနှင့်ရောနယ်ပါ။

ချင်းတက်၏တစ်ဝက်ခန့်ကိုထောင်းပြီးအရည်ညှစ်ထည့်ပါ။မိနစ်(၃၀)ခန့်နှပ်ထားပေးပါ။

နှပ်ချိန်ပြည့်ပြီဆိုရင်သင့်တော်တဲ့အိုးထဲထည့်ပြီးရေကိုမြုပ်ရုံလေးထည့်ပါ။လက်ကျန်ချင်းတစ်ဝက်ကိုဓားပြားရိုက်ထည့်ပါ။

မီးရှိန်အေးအေးနဲ့နူးပြီးရေခမ်းသည်အထိပြုတ်ပါ။ခေတ္တအအေးခံထားပါ။

ဒယ်အိုးတစ်လုံးမှာဆီသန့်သန့်ကိုပူနေအောင်အပူပေးပြီးဝက်နံရိုးတွေထည့်ကြော်ပါ။

‌ရွှေညိုရောင်လေးရပြီဆိုဆယ်ယူပြီးဆီစစ်ပါ။

#credit

Leave a Reply

Your email address will not be published.