မိခင်တို့၏သားသမီးအပေါ်တွင် ထားရှ်ိသော မေတ္တာတရားသည်အလွန်ကြီးမားကျယ်ပြန့်လှပါတယ်။သားသမီးတို့အဆင်ပြေနေစေဖို့အတွက် အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်နေတတ်ကြတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ဘတ်စ်ကားစီးရာတွင် နေရာလွတ်သည့်ခုံတစ်လုံးပဲရှိသောအခါ နေမကောင်းသည့်သားဖြစ်သူကိုထိုင်ခိုင်းပြီး မိခင်ကတော့ ကြမ်းပြင်ပေါ်တွင်သာထိုင်နေခဲ့သည့် ရင်နှစ်ဖွယ်မြင်ကွင်းလေး
မိခင်တို့၏သားသမီးအပေါ်တွင် ထားရှိသော မေတ္တာတရားသည်အလွန်ကြီးမားကျယ်ပြန့်လှပါတယ်။သားသမီးတို့အဆင်ပြေနေစေဖို့အတွက် အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်နေတတ်ကြတာဖြစ်ပါတယ်။
ယခုတွင်လည်း ဘတ်စ်ကားတစ်စီးအပေါ်တွင် သားဖြစ်သူအတွက်အနစ်နာခံပေးခဲ့သည့် မိခင်တစ်ဦး၏လုပ်ရက်ဟာ အခြားမြင်တွေ့သူများအတွက် မျက်ရည်စို့နေစေမှာသေချာပါတယ်။ထိုမိခင်ဟာ တရုတ်နိုင်ငံမှဟုသိရပြီး သားကိုဆေးခန်းပြပြီးအပြန် ဘတ်စ်ကားစီးချိန်တွင် ထိုင်ခုံနေရာလွတ်ကတစ်နေရာသာကျန်ရှိနေသည်။
ထို့ကြောင့် နေမကောင်းသည့်သားဖြစ်သူကို ထိုင်ခုံပေါ်တွင်သာ ထိုင်စေပြီးမိခင်ကတော့ကား၏ကြမ်းပြင်ပေါ်တွင်ထိုင်ချပြီး သားလေးမှီထားနိုင်အောင် နေပေးခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Crd