မြွေဟောက်မွေးမြူရေးလုပ်ငန်းကြောင့်ဆင်းရဲနွမ်းပါးသောဘဝကနေ တစ်ရွာလုံး ကြီးပွားချမ်းသာလာခဲ့သည့်အဖြစ်

International News






မြွေဟောက်များသည် တစ်ကီလိုကို ဗီယက်နမ်ငွေ ၁.၄ထိပေါက်ဈေးရှိပြီး မြွေဟောက်ဥများကတော့ ဗီယက်နမ်ငွေ ၇၀၀၀၀ဈေးထိရောင်းချနိုင်ခဲ့ရာ ရွာသူရွာသားများအတွက် နှစ်စဉ်ဝင်ငွေများစွာ ရရှိနိုင်ခဲ့သည်။



Rain (For Ialinks)

Unicode

မြွေဟောက်မွေးမြူရေးလုပ်ငန်းကြောင့်ဆင်းရဲနွမ်းပါးသောဘဝကနေ တစ်ရွာလုံး ကြီးပွားချမ်းသာလာခဲ့သည့်အဖြစ်

လူသားတို့သည် အများစုက ဆင်းရဲသည့်ဒဏ်ကို ကြာကြာခံလာရသည့်အခါ စိတ်ကုန်လာပြီး ချမ်းသာမည်ဆိုပါက မည်သို့သောအလုပ်မျိုးဖြစ်ပါစေ စွန့်စားပြီးလုပ်ကိုင်လာတတ်ကြသည်။


သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Lam Thaoခရိုင်ရှိ Tu Xaအမည်ရှိသော ရွာငယ်လေးတွင် နေထိုင်သည့် လယ်သမားများသည် ဆင်းရဲနွမ်းပါးသောဘဝအခြေအနေကနေ အန္တရာယ်များလှသည့် လုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ကိုင်ခဲ့ရာကနေ ဆင်းရဲတဲ့သူမှာ မရှိသလောက်ရှားသွားပြီး အတော်များများက သန်းကြွယ်သူဌေးတွေထိပါ ကြီးပွားလာခဲ့သည်။


ရွာသူရွာသားများသည် သူတို့ရဲ့အိမ်မှာ မွေးမြူရေးခြံလေးတွေ ဆောက်လုပ်ထားပြီး တစ်အိမ်လျှင် မြွေဟောက်အကောင်ရေ ၃၀၀ကနေ ၂၀၀၀အထိမွေးမြူထားကာ နိုင်ငံခြားကကုန်သည်တွေဆီ တဆင့်ပြန်လည်ရောင်းချခဲ့ကြသည်။


မြွေဟောက်များသည် တစ်ကီလိုကို ဗီယက်နမ်ငွေ ၁.၄ထိပေါက်စျေးရှိပြီး မြွေဟောက်ဥများကတော့ ဗီယက်နမ်ငွေ ၇၀၀၀၀စျေးထိရောင်းချနိုင်ခဲ့ရာ ရွာသူရွာသားများအတွက် နှစ်စဥ်ဝင်ငွေများစွာ ရရှိနိုင်ခဲ့သည်။

Rain (For Ialinks)

Crd

Leave a Reply

Your email address will not be published.