မုန်လာချဉ် လုပ်နည်း

Food

မုန်လာချဉ် လုပ်နည်း
—————


ပါဝင်ပစ္စည်းများ
—————
မုန်လာဥဖြူ ၃ စည်း (၁၂လုံး)
မုန်လာဥနီ ၂ လုံး
ငရုတ်သီး အနည်းငယ် (မထည့်လဲရ)
သကြား ၂၅ ကျပ်သား
ရှာလကာရည်(ဗီနီဂါ) ဘူးသေး ၁ ဘူး
ရေသန့် ၁လီတာဗူး တစ်ဝက်
ဆား လက်တစ်ဆုပ်


ပြင်ဆင်ပြုလုပ်နည်း
—————
အရင်ဆုံး သကြား ၂၅ ကျပ်သားကို ရေသန့်နဲ့အရည်ကြိုထားရပါမယ်။ သကြားတွေ ပျော်သွားပြီဆိုရင် မီးဖိုမှချပြီး အအေးခံထားပါ။

မုန်လာဥနီ/ဖြူ များကို အခွံခွာပြီး ဆားရေနဲ့ ဆေးပြစ်ပါ။ ပြီးမှ ကြိုက်သလို လှီးဖြတ်တောက်ပြီး စကာတစ်ခုထဲ ရေစစ်ထားပါ။

အေးသွားပြီဖြစ်တဲ့ သကြားရည်ကြိုထဲကို ရှာလကာရည်ရောလိုက်ပါ။ ဆားအနည်းငယ်ထည့်ပြီး ရောသမမွှေလိုက်ပါနော်။


ပြီးရင်တော့ ခုနက ဖြတ်တောက်လှီးထားတဲ့ မုန်လာဥတွေကို ဘူးထဲအရင်ထည့်ပြီး (ရှာကာ+သကြား+ဆား) အရည်တွေကို မုန်လာဥတွေမြုပ်တဲ့ထိထည့်လိုက်ပါ။

အပြင်မှာ ၈နာရီအနည်းဆုံးထားပြီး စားသုံးနိုင်ပါပြီ။

စားပြီးရေခဲသေတ္တာထဲထည့်သိမ်းထားရင် အကြာကြီးခံပါတယ်။

PS : ငရုတ်သီးများထည့်ပါက မလှီးပဲထည့်ပါ။ လှီးလိုက်လျှင် ကြာရှည်မခံတတ်ပါ။ သကြားရည်ကိုလဲ ဆန္ဒမစောပဲ အေးမှရှာလကာရည်ရောပါ။ ဓါတ်ပျက်ပြီးစားမကောင်းတတ်လို့ပါ။


Credit

မုနလြာခဉွြ လုပနြညြး
—————

—————


—————










Leave a Reply

Your email address will not be published.