မိုးရာသီအတွက် ကြက်သောက်စမ်း ပူပူစပ်စပ်မွှေးမွှေးလေး ?
ပါဝင်ပစ္စည်းများ
မြန်မာကြက် တစ်ကောင်
စပါးလင်
ရှမ်းနံနံ (အမြစ်ပါယူမည်)
မြန်မာနံနံ (အမြစ်ပါယူမည်)
ကြက်သွန်ဖြူ အနည်းငယ်
ပတဲကော (လက် ၃ ဆစ်)
ငရုတ်သီးစိမ်း (ထောင်းထားပါ)
မြန်မာပင်စိမ်း
ရှောက်ဘီလူးရွက် (မထည့်လဲရသည်)
ငရုတ်ကောင်း
မန်ကျည်းသီး (ရေနွေးဖြင့်စိမ်ထားပါ)

ပြုလုပ်နည်း
1. ကြက်သွန်ဖြူ၊ ပတဲကော တို့ကိုထောင်း၊ စပါးလင်ကို မထူမပါးလှီး၊ ရှမ်းနံနံနဲ့မြန်မာနံနံအမြစ်တို့ကို ရေစင်အောင်ဆေးထားပါ။
2. ထို့နောက် ဆီအနည်းငယ်ထည့်၊ နနွင်းထည့်ပြီးလျှင် နံပါတ် (၁) မှအားလုံးကိုရောပြီးဆီသတ်ပါ။
3. မွှေးလာလျှင် အရောင်တင်မှုန့်အနည်းငယ်ထည့်၊ အစိမ်းနံ့ပျောက်သွားလျှင် ကြက်သားထည့်ပြီး လုံးချက်ပါ။
4. ထို့နောက် ငံပြာရည်၊ ဆား၊ ရေနွေးထည့်ပြီး ကြက်သားနူးတဲ့အထိတည်ပါ။

5. အရည်သောက်အခြေအနေရပြီး ကြက်သားနူးသွားလျှင် မန်ကျည်းသီးရည်ထည့်ပါ။
6. ကြိုက်နှစ်သက်တဲ့ အငံအချည်အရသာရသွားပြီဆိုလျှင် ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ အဆင်သင့်ရေဆေးထားတဲ့ ပင်စိမ်း၊ နံနံပင်၊ ရှမ်းနံနံ၊ ရှောက်ဘီလူး တို့ကိုထည့်အုပ်ပြီး မီးပိတ်လိုက်ပါ။
7. ပူပူစပ်စပ်လေးကို နှစ်သက်လျှင် ငရုတ်ကောင်းလေးထည့်လိုက်ပါ။

ကျမကတော့ ဒီကြက်သောက်စမ်းကို ငရုတ်သီးစိမ်းငပိထောင်းကောင်းကောင်းလေးနဲ့ ထမင်းပူပူမှာ အားရပါးရနယ်စားလိုက်တာဘဲ။

မိုးရာသီအတွက် ကြက်သောက်စမ်း ပူပူစပ်စပ်မွှေးမွှေးလေး

Credit