အုန်းစိမ်းဂျယ်လီပြုလုပ်နည်း

Food

အုန်းစိမ်းဂျယ်လီ
——————–

လိုအပ်တဲ့ ပစ္စည်းများ
အုန်းသီးအနု ၂ လုံး
နှစ်သက်ရာ ကျောက်ကျောမှုန့်
ထမင်းစားဇွန်း ၃ ဇွန်း
အုန်းနု ၂ လုံးမှ အုန်းရည်
သကြား ထမင်းစားဇွန်း ၂ ဇွန်း
အုန်းသီးနုနုမှ ခြစ်ထားသော အုန်းစိမ်းဖက်များ

ပြုလုပ်နည်း
၁. အုန်းသီးနုတွေကို အထိုင်ညီအောင် အောက်ပိုင်းညှိဖြတ်ပါ ပြီးရင်အုန်းထိပ်ဝကို
ညီအောင်ဖြတ်ပြီး အုန်းစိမ်းရည်ကို ခွက်တစ်ခုထဲ ထည့်ပါ အမှိုက်စပါရင်စစ်ယူပါ……

အုန်း၂လုံးမှ အုန်းစိမ်းသားလေးတွေကို ဇွန်းနဲ့ခြစ်ထုတ်ပြီး ဓားနဲ့ အနေတော်လေးတွေပိုင်းဖြတ်ပါ နောက်တစ်လုံးက
အုန်းဖတ်မခြစ်ပဲထားပါ……

၃. ကျိုမည့်အိုးထဲကို အုန်းရည်ထည့်ပြီး မီးအနေတော်ဖြင့် ဆူအောင်တည်ပါ ဆူရင် ကျောက်ကျော်မှုန့်ထည့် သကြားထည့်ပြီး
၃မိနစ်မှ ၅မိနစ်ခန့် ကျိုပါ……

၄. အုန်းသီး၂လုံးထဲကို ကျိုထားတဲ့ အုန်းစိမ်းကျောက်ကျောရည်ကို ချိန်ဆပြီး ထည့်ပါ
ပြီးရင်လှီးထားတဲ့အုန်းစိမ်းဖတ်လေးတွေကို
သူ့အုန်းသီးထဲ ပြန်ထည့်ပေးပါ…..

၅. အအေးခံပါ အေးအေးလေးစားချင်ရင်တော့
ရေခဲသေတ္တာထဲအအေးခံပါ……
မှတ်ချက် အလုပ်မရှုပ်ချင်ရင် အုန်းသီးခွဲ
အုန်းဖတ်ကိုဇွန်းခြစ်
ဖန်းခွက်ကိုအသုံးပြုပါသည်……..

Credit

Leave a Reply

Your email address will not be published.