unicode
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပရိတ်သတ်ကြီးအတွက်ယနေ့သတင်းကောင်းလေးကတော့ အမြဲတစ်တွဲတွဲနဲ့တွေ့ရတဲ့စုံတွဲလေး အဆိုတော်ကျော်ထွဋ်ဆွေနဲ့နန်းသူဇာတို့က မကြာခင်လက်ထက်ကြတော့မယ်ဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်..။
ကျော်ထွဋ်ဆွေကချစ်သူနန်းသူဇာအတွက် လက်ထက်ခွင့်တောင်းဖို့စပရိုက်ပြုလုပ်ခဲ့ပြီး နန်းသူဇာရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ နန်းမြတ်ဖြိုးသင်း ၊ဘော်ဘီဆာဆာတို့က ပါဝင်ကူညီခဲ့ကြတာပဲဖြစ်ပါတယ်..။
သူငယ်ချင်းအရင်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့အရမ်းပျော်နေတဲ့ နန်းသူဇာကိုကြည့်ရင်းပီတိဖြစ်ရကြောင်းပြောပြလာခဲ့ပါတယ်။ ” သူငယ်ချင်းလေးအရမ်းပျော်နေတာ ကိုယ်လဲပျော်တသက်စာစိတ်ချမ်းသာစရာတွေကြုံတွေ့ရပါစေ သူငယ်ချင်းလေးရေ ” ဟုဆိုပြီးဆုတောင်းပေးလာခဲ့ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit