စားစရာမရှိလို့ တောင်းစားတာ မပေးလို့ နောက်ရက် ထမင်းချက်နေစဉ် နေအိမ်ပေါ်တက်ကာ… See more

Local News

Zawgyi

စားစရာမရွိလို႔ ေတာင္းစားတာ မေပးလို႔ ေနာက္ရက္ ထမင္းခ်က္ေနစဥ္ ေနအိမ္ေပၚတက္ကာ… See more

ပဲခူးတိုင္းေဒသႀကီး ၊ ျပည္ၿမိဳ႕နယ္ ၊ ဆံေတာ္ရပ္ကြက္ ၊ ကန္လည္ေ႐ႊဟသၤာလမ္းရွိ ေနအိမ္တစ္အိမ္တြင္နံနက္ပိုင္းက လုယက္မႈတခု ျဖစ္ပြားေၾကာင္း သိရသည္။အဆိုပါ ဆံေတာ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးၫႊန႔္ႏိုင္က အခုလို ေျပာပါတယ္..

“မေန႔က အဲ့ဒီလူက အဲ့ဒီအိမ္မွာ ဝင္ၿပီးေတာ့ ေတာင္းတယ္ေျပာတယ္။ ပိုက္ဆံဝင္ေတာင္းေတာ့ အဲ့ဒီအိမ္က လူက ေကာလြတ္လိုက္တယ္..” “နင္ ေျခေကာင္းလက္ေကာင္းနဲ႔ ဘာလို႔ေတာင္းစားေနတာလဲ အလုပ္လုပ္စားပါလား”

ေျပာလိုက္တယ္ေပါ့။ ဒီေန႔ မနက္ေတာ့ အဲ့ဒီလူလို႔ေျပာတယ္။ အဘိုးႀကီးနဲ႔ အမ်ိဳးသမီး တစ္ေယာက္ရွိတုန္းကို ေရွ႕မွာ ထမင္းခ်က္ေနတုန္း ေနာက္ကေန ပုခက္တုတ္နဲ႔ ႐ိုက္ၿပီးေတာ့ ပစၥည္းေတြ ယူသြားတယ္လို႔ သိရတယ္”

အခင္းျဖစ္ေနအိမ္သည္ ျမန္မာတိုင္းရင္းေဆးဆိုင္ ဖြင့္လွစ္ထားၿပီး လုယက္ခံရေသာေၾကာင့္ စိန္ႏွင့္ ေ႐ႊထည္ပစၥည္းမ်ား ပါသြားေၾကာင္း ဦးၫႊန႔္ႏိုင္က ဆိုသည္။

လက္ရွိအခ်ိန္တြင္ အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ျပည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ စီစီတီဗြီမွတ္တမ္းေတြစစ္ေဆးေနၿပီး က်ဴးလြန္သူကို ဖမ္းဆီးရမိရန္ ႀကိဳးပမ္းေနသည္။

အ႐ိုက္ခံရသည့္ အမ်ိဳးသမီးမွာ သတိေမ့ေနသည့္အတြက္ ျပည္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ တင္ပို႔ထားေၾကာင္း သိရသည္။

About the author

Unicode

စားစရာမရှိလို့ တောင်းစားတာ မပေးလို့ နောက်ရက် ထမင်းချက်နေစဉ် နေအိမ်ပေါ်တက်ကာ… See more

ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့နယ် ၊ ဆံတော်ရပ်ကွက် ၊ ကန်လည်ရွှေဟင်္သာလမ်းရှိ နေအိမ်တစ်အိမ်တွင်နံနက်ပိုင်းက လုယက်မှုတခု ဖြစ်ပွားကြောင်း သိရသည်။အဆိုပါ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွှန့်နိုင်က အခုလို ပြောပါတယ်..

“မနေ့က အဲ့ဒီလူက အဲ့ဒီအိမ်မှာ ဝင်ပြီးတော့ တောင်းတယ်ပြောတယ်။ ပိုက်ဆံဝင်တောင်းတော့ အဲ့ဒီအိမ်က လူက ကောလွတ်လိုက်တယ်..” “နင် ခြေကောင်းလက်ကောင်းနဲ့ ဘာလို့တောင်းစားနေတာလဲ အလုပ်လုပ်စားပါလား”

ပြောလိုက်တယ်ပေါ့။ ဒီနေ့ မနက်တော့ အဲ့ဒီလူလို့ပြောတယ်။ အဘိုးကြီးနဲ့ အမျိုးသမီး တစ်ယောက်ရှိတုန်းကို ရှေ့မှာ ထမင်းချက်နေတုန်း နောက်ကနေ ပုခက်တုတ်နဲ့ ရိုက်ပြီးတော့ ပစ္စည်းတွေ ယူသွားတယ်လို့ သိရတယ်”

အခင်းဖြစ်နေအိမ်သည် မြန်မာတိုင်းရင်းဆေးဆိုင် ဖွင့်လှစ်ထားပြီး လုယက်ခံရသောကြောင့် စိန်နှင့် ရွှေထည်ပစ္စည်းများ ပါသွားကြောင်း ဦးညွှန့်နိုင်က ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ စီစီတီဗွီမှတ်တမ်းတွေစစ်ဆေးနေပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရန် ကြိုးပမ်းနေသည်။

အရိုက်ခံရသည့် အမျိုးသမီးမှာ သတိမေ့နေသည့်အတွက် ပြည်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

About the author

Crd

Leave a Reply

Your email address will not be published.