23.6.2022 မှ 29.6.2022 အထိ ၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း

ဗေဒင်

23.6.2022 မှ 29.6.2022 အထိ ၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း

#တနင်္ဂနွေ

ဒီအပတ်ထဲငွေကြေးနဲ့ပတ်သက်ပြီး မိမိလုပ်ထားတဲ့အလုပ်တွေ၊ ပရောဂျက်တွေဆီကနေတဆင့်ငွေရလာပါ လိမ့်မယ်။

လူငယ်များ မိဘတွေဆီက မုန့်ဖိုးများစွာရရှိတတ်ပါတယ်။ ဒီလိုကာလအတွင်း တာဝန်ပေးအပ်လာသော အလုပ်တွေကို

မညီးမညူဘဲ လုပ်ကြည့်ပါ။ ထူးခြားတဲ့ အကျိုးဆက်တွေရလာပါလိမ့်မယ်။ အင်တာဗျူးထားသော သူများ၊

အလုပ်စာမေးပွဲ၊ရာထူးတိုးစာမေးပွဲဖြေထားသူများ ဒီတစ်ပတ်အတွင်း ရလဒ်ကောင်းတတ်ပါတယ်။

ကျန်းမာ ရေးအတွက် ဒီအပတ်ထဲ ညံ့နေတာတွေစတင်သက်သာလာပါလိမ့်မယ်။ အနာနဲ့ဆေး တည့်သွားနိုင်တဲ့ကာလပဲဖြစ်ပါ တယ်။

ရေထွက်ကုန်နှင့် ရေလမ်းပို့ဆောင်ရေးအလုပ်များ တိုးတတ်နိုင်တဲ့ကာလပါပဲ။ ငွေရှာလို့ကောင်းပေမဲ့

ချစ်ခြင်း မေတ္တာတွေနဲ့ ပတ်သက်ပြီးငွေကုန်ရတတ်တယ်။ အဘက်ဘက်က ကံအင်အားကောင်းနေမဲ့ ကာလတစ်ခုပါပဲ။

လုပ်သမျှအဆင်ပြေခြင်း ၊ကြံစည်သမျှ အောင်မြင်ခြင်းတွေတော့ ကြုံရမှာပါ။

စက်ပစ္စည်းအသစ်တွေလဲ ဝင်လာ ဖို့ရှိနေတဲ့ ကာလပါပဲ။ လက်အောက်ငယ် သားတွေဆီက

အကြံဉာဏ်ကောင်းလေးတွေရရှိလာတတ်ပါတယ်။ ဘာသာရေးလိုက်စားသူများ အသိထူးလေး တွေရလာတတ်ပါတယ်။

အချစ်ရေးအဆင်ပြေနေပေမဲ့ အချစ်က အနား မှာရှိနေမပေးနိုင်တဲ့ကာလပါပဲ။

အိမ်ထောင်ရေးမှာတော့ အနည်းငယ် ကတောက်ကဆများစရာလေးတွေရှိပေမဲ့ ကြီးကြီးကျယ်ကျယ်တော့ မဖြစ်နိုင်ပါ။

အကျိုးပေးဂဏန်း ၄၊၅၊၈ အထူးဟော ကံမြင့်မားနေမယ်။

ယတြာ ကြက်ပေါင်းရည်လေး တစ်ဗူး လူကြီးမိဘတစ်ဦးဦးကို ဝယ်တိုက်ပါ။

#တနင်္လာ

အနည်းငယ် ပင်ပန်းရတတ်ပေမဲ့ ဒီအပတ်ထဲ အခြေချခြင်း၊ အိုးအိမ်ဝယ်ယူခြင်း၊ နေရာပြောင်း၊

အိမ်ပြောင်း ခြင်းတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။ကျန်းမာရေးကြောင့် စိတ်ညစ်စရာများရှိခဲ့ရင်

ပြေပျောက်ခွင့်တွေစ တင်ကြုံရပါလိမ့်မယ်။ အပူကြောင့်ဖြစ်တဲ့ရောဂါတွေ သက်သာခွင့်တွေရလာတော့မှာပါ။

စိတ်ချမ်းသာစရာကောင်း သောအလှူအတန်းတွေ လှူခွင့်ရတတ်ပါတယ်။ သွားချင်စိတ်ပြင်းပြနေတဲ့ခရီးမျိုးတွေကို သွားရတတ်ပါတယ်။

မိမိ စိတ်ဆန္ဒအာသီသလေးတွေ တစ်ချို့တဝက်ပြည့်ဝမဲ့ကာလဆိုလဲ မမှားပါဘူး။

တစ်ခုခုကို စတင်တည်ဆောက်တာ၊ ရည်ရွယ်ချက်တစ်ခုခုကိုစတင်အကောင်အထည်ဖော်တာမျိုးတွေက

ဒီကာလမှာစတင်လို့အထူးကောင်းပါတယ်။ အဆီအဆိမ့်တွေကိုတော့ အရင် ကထက်ပိုမိုလျှော့စားဖို့

ဒီကာလမှာတိုက်တွန်းချင်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာတွေ ဝယ်တော့မယ်ဆုံးဖြတ်ထားရင်

ဒီကာလမှာဝယ်ယူခြင်းဖြင့်အဆင်ပြေ စိတ်ချမ်းသာရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားများ မိမိဆိုင်လူကျပြီး

အရောင်းအဝယ်တွေ ကောင်းနေတတ်ပါတယ်။ အချစ်ရေးမှာ ထူးခြားစွာကံကောင်းနေမှာပါ။

ချစ်သူ သစ်ရည်စားသစ်ဆိုတာမျိုးလဲ ရသွားနိုင်တဲ့နေ့ရက်များပါပဲ။ အိမ်ထောင်ရေးမှာတော့

အိမ်ထောင်ဘက်က မိမိထက် စီးပွားရေးကို ပိုမိုအာရုံစိုက်နေပါလိမ့်မယ်။ ပညာရေးကံ ကောင်းမွန်ပြည့်ဝနေမဲ့ အချိန်ကာလပါ။

အကျိုးပေးဂဏန်း ၅/၆/၂

အထူးဟော လူချစ်လူခင်များနေမဲ့နေ့ရက်တွေပါပဲ။ယတြာ ရေအလှူတွေများများလုပ်ပေးလိုက်ပါ။

#အင်္ဂါ

ခေါင်းရှုပ်စရာတွေများမဲ့ကာလပါပဲ။ မိမိမှာရှိတဲ့စက်ပစ္စည်းတွေတစ်ခုမဟုတ်တစ်ခု ချို့ယွင်းနေတာကြောင့်

maintain လုပ်ရမဲ့ကာလတွေပါ။ တတ်နိုင်သရွေ့မလိုအပ်ရင်တော့ နေ့ချင်းပြန်ခရီးတွေ မသွားဘဲနေရင်ပိုကောင်းပါ တယ်။

စစ်လက်နက်ဘေး၊မီးဘေး၊ လျှပ်စစ်ဘေး(ဓာတ်လိုက်ခြင်း) တွေကိုဒီကာလမှာဂရုစိုက်အပ်ပါတယ်။

ကျန်းမာ ရေးကတော့ ဇက်ကြောထိုးတာ၊ မျက်လုံးအကြည့်ဝါးတာမျိုးလောက်သာဖြစ်တတ်ပါတယ်။

မိတ်ဆွေရင်းတွေပိုက် ဆံလာချေးတတ်ပါတယ်။ မချေးဘဲနေနိုင်ရင် အကောင်းဆုံးပဲ။ ဒါမှမဟုတ် ချေးတဲ့ ပမာဏရဲ့

တစ်ဝက်ခန့်ကိုသာချေး သင့်ပါတယ်။ကံကောင်းတာက လူချစ်လူခင်များတယ်။ အများကဦးဆောင်ဖို့

ရွေးချယ်တင်မြောက်ခြင်းတွေခံရ တတ်ပါတယ်။ အလုပ်စီးပွားကံကတော့ တက်လိုက်ကျလိုက်ဖြစ်နေတတ်ပါတယ်။

ဒီအပတ်ထဲ အိမ်ထောင်သည်များ တစ်စိမ်းလိင်မတူသူတွေနဲ့ ခပ်ကင်းကင်းနေပါ။

လိင်ကိစ္စငြိစွန်းလွယ်တဲ့ကာလတွေဖြစ်ပါတယ်။ အချစ်ရေးမှာ မိမိ ထက်ငယ်လွန်းသူတွေက ချစ်ရေးဆို

ချစ်ခွင့်ပန်တာမျိုးတွေကြုံရတတ်ပါတယ်။ဒီကာလအတွင်း တတ်နိုင်သမျှ PPE ဝတ်ပြီးလုပ်ရတဲ့ အလုပ်ခွင်ကသူများ

သတိနဲ့လုပ်ကိုင်ဆောင်ရွက်ပါ။ ပညာရေးနဲ့ပတ်သက်ပြီး မိမိကိုယ်တိုင်က စိတ် ပါလက်ပါကြိုးစားနေမိတတ်ပါတယ်။

ပညာရေးအတွက် ရင်းနှီးမြုပ်နှံဖို့ ဝန်မလေးသင့်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၁/၀/၆

အထူးဟော အနည်းငယ် စိတ်ရှုပ်စရာလေးတွေကြုံပြီးမှအဆင်ပြေမယ်။

ယတြာ အင်္ဂါထောင့်မှာ ဆီမီး၃တိုင်ထွန်းညှိပြီး သရဏဂုံ ၃ပါးနဲ့ပုတီးနိုင်သလောက်စိပ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းရန်အတိုက်အခံတွေများစွာကြုံရတတ်ပါတယ်။ မိမိမှားနေရင်တော့ သတိထားပေတော့။

အုပ်စုလိုက်ဒုက္ခပေးတာခံရလိမ့်မယ်။ မိမိမှန်နေရင်တော့ ဘယ်သူမှကြောက်ဖို့မလိုပါဘူး။

ငွေကြေးနဲ့ပတ်သက်ပြီး တော့လဲ ရစရာ၊ဝင်စရာရှိတဲ့ငွေတွေအကုန်ဝင်လာတတ်ပါတယ်။

မိမိရဲ့ အတွင်းစိတ်မှာရှိတဲ့ ကိုယ်စွမ်းကိုယ်စတွေ ကောင်းစွာထုတ်သုံးသွားနိုင်ပါလိမ့်မယ်။

လုပ်ငန်းခွင်အတွင်း မခိုမကပ်သူများ၊ အလုပ်အပေါ်စိတ်နှစ်ထားသူများ၊ နေရာကောင်းရခြင်း၊

ရာထူးတိုးခြင်းမျိုးတွေကြုံရတတ်ပါတယ်။ ရပ်ဝေးအကူအညီတွေရလာတတ်ပါတယ်။ နိုင်ငံခြားကိစ္စ၊

ရပ်ဝေးအလုပ်တွေမှာ ပိုမိုအောင်မြင်လွယ်လိမ့်မယ်။ မိမိအားထုတ်ထားတဲ့ ကြိုးစားထားတဲ့ ကိစ္စများ အတွက်

ကောင်းသောအကျိုးဆက်တွေရရှိပါလိမ့်မယ်။ မင်္ဂလာကိစ္စတွေ အလှူအတန်းကိစ္စတွေ တိုင်ပင်ခြင်း

၊ပြုလုပ်ခြင်းများအထူးကောင်းတဲ့ ကာလပါပဲ။ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ အထူးကောင်းမွန်စွာ

ဆက်ဆံပြောဆိုနိုင်မဲ့ကာလပါ။ လူတစ်ဖက်သားမိမိစကားကို လက်ခံလာအောင်ပြောဆိုနိုင်မဲ့ ကာလတစ်ခုဆိုလဲ မမှားပါဘူး။

အိမ်ထောင်ရေး၊အိမ်တွင်းရေးကိစ္စတွေမှာလဲ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။

ကျန်းမာရေးအတွက် အနည်းငယ်စိတ်ပူရတတ်ပါတယ်။ လေထိုးလေအောင့် အထူးသတိထားရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၇/၄

အထူးဟော ကံအဆိုးကြားက အကောင်းလာမယ်။ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပေးပါ။

#ကြာသပတေး

အပြောင်းအလဲများနဲ့ တိုးတတ်လာဖွယ်ရှိတဲ့ကာလပါပဲ။ သာမန်ရိုးကျအတိုင်းလုပ်လို့ အဆင်မပြေတာတွေ

အနည်းငယ်အပြောင်းအလဲပုံစံလေးလုပ်ကြည့်စေချင်ပါတယ်။ ဉာဏ်ကြီးကြီးနဲ့ ဆောင်ရွက်သမျှကိစ္စတိုင်း

ကောင်း သောရလဒ်တွေသာရလိမ့်မယ်။ ဒီအပတ်ထဲ ကပျက်ကချော်တော့ ဘာမှမလုပ်မိပါစေနဲ့။

ငွေကြေးအားကိုးနဲ့ တစ်ပါး သူကို မနှိပ်စက်မိပါစေနဲ့။ မိဘတွေစိတ်ကွက်သွားစေမဲ့စကားလုံးတွေတတ်နိုင်သလောက်ရှောင်ပေးပါ။

အလုပ်တွေ ကျယ်ပြန့်စွာတိုးတတ်လိမ့်မယ်။ မိတ်ဆွေကောင်းတွေဆီကအကူအညီရမယ်။

အလုပ်နဲ့ပတ်သက်ပြီးမိမိနားမလည် တဲ့အပိုင်းတွေကို စိတ်ရှည်လက်ရှည်ရှင်းပြမဲ့သူတွေနဲ့ကြုံရတတ်ပါတယ်။

စာမေးပွဲကိစ္စ ၊အင်တာဗျူးကိစ္စ တွေလဲ ရလဒ်ကောင်းတွေရမဲ့ အချိန်ပါ။ ကျန်းမာရေးမှာတော့ ဒေါင်ဒေါင်မည်နေပါလိမ့်မယ်။

မိမိကိုယ်တိုင်က ကျန်းမာရေးကို ဂရုစိုက်နေတာလဲပါတာပေါ့လေ။ ငွေကံတွေလဲ အရင်ကထက်စာရင်

ပိုမိုကောင်းလာမဲ့ ကာလပါ။ အချစ်ရေးမှာတော့ အလုပ်တွေများနေတာကြောင့် ချစ်သူနဲ့ ကြုံဖို့ ဆုံဖို့

ခဲယဉ်းနေတတ်တဲ့ကာလပါပဲ။ အိမ်ထောင် ကတော့ စီးပွားရေးအဆင်ပြေလေ လင်မယားချင်း တကျက်ကျက်ဖြစ်ရလေပါပဲ။

ပညာရေးမှာတော့ မိမိစူးစမ်းမှု အာရုံစိုက်မှု အားကောင်းနေတာကြောင့်သိလွယ်တတ်လွယ် နေမဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၁/၉/၅

အထူးဟော အလုပ်စီးပွားကံအားကောင်းလာမယ်။ယတြာ အောင်သပြေပန်း ဘုရားပန်းအိုးထိုးပါ။

#သောကြာ

မည့်သည်ကိစ္စတွင်မဆို ဖိအားလေးတွေရှိနေတတ်ပါတယ်။ ဒါကြောင့်ပဲစိတ်ပင်ပန်းလူပင်ပန်း ဆိုတာမျိုး ကြုံရတတ်ပါတယ်။

ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စာရင်းအမှားလေးတွေရှင်းရတတ်ပါတယ်။ ကိုယ်ပိုင်စီးပွား ရေး အလုပ်ကကြီးလာပြီး

ငွေမနိုင်တာမျိုး နှင့် ငွေမြုပ်နေတာမျိုးတွေဖြစ်ရပါလိမ့်မယ်။ ငွေကတော့ အဝင်ကြမ်း အထွက် ကြမ်းပါပဲ။

စပ်တူလုပ်ငန်းလုပ်သူဆို ငွေကြေးအရှုပ်အရှင်းတွေနဲ့ ပတ်သက်ပြီး စကားအခြေအတင် ပြော ရတတ်ပါ တယ်။

ကံကညံ့နေတဲ့ကာလမဟုတ်ပေမဲ့ဖြေရှင်းစရာတွေတော့ များနေတတ်ပါတယ်။ ကျန်းမာရေးမှာ တော့

စိတ် ထောင်ကိုယ်ကြေဆိုသလို ဖြစ်တတ်တာပါ။ ရောဂါ ဝေဒနာကြီးကြီးမားမားတော့ဖြစ်မဲ့ကံ မမြင်ပါဘူ။

တစ်ခုတော့သတိထားရမယ်။ ဆီးအောင့်တာ၊ဆီးကျင်တာမျိုးတွေဖြစ်လွယ်ပါတယ်။

အချစ်ရေးမှာ တော့ နှစ်ဖက်အသိုင်းအဝိုင်းက လူကြီးတွေရဲ့ အနှောက်အယှက်တော့ ရှိပါတယ်။

ချစ်သူနှစ်ဦးရဲ့ သစ္စာတရားက သာအခရာကျပါတယ်။ အိမ်ထောင်ရေးမှာတော့ အနည်းငယ်အညံ့လေးတွေရှိနေပါတယ်။

အထူးသဖြင့် အိမ်တွင်း ရေးအပူလေးတွေရှိနေတတ်တာပါ။ ဆွေမျိုးတွေရဲ့သောကတွေက

မိမိဆီကူးစက်တာမျိုးတွေအထူးကြုံရတတ်ပါ တယ်။ လူငယ်များ ပညာရေးကောင်းမွန်အဆင်ပြေမဲ့ကာလထဲ ရောက်နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၂/၃/၉

အထူးဟော ကံအညံ့လေးတွေ ရှိနေနိုင်တယ်။ယတြာ ငါးချဉ်သုပ်လေးနဲ့ ဘုရာဆွမ်းကပ်ပါ။

#စနေ

ဒီကာလအတွင်း အတိတ်ကကိစ္စတွေက ပစ္စပ္ပုန်မှာလာရှုပ်နေတတ်ပါတယ်။အလုပ်အကြွေးတွေ

အလုပ် တာဝန်တွေ များနေတာကြောင့် မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။

သူများတွေရဲ့အလှူ၊မင်္ဂလာကိစ္စများတွင်လဲ ပါဝင်ပတ်သက်လာရတတ်တဲ့ကာလပါပဲ။ စီးပွား ရေးမှာတော့

ဖြေးဖြေးမှန်မှန်သာ ကြိုးစားသွားသင့်ပါတယ်။ လောဘတကြီးလုပ်လေအမှားများလေဖြစ်ရတတ် လို့ပါ။

စကားအမှားတွေကြောင့်ပြဿနာရှင်းရတတ်တာမို့ အသံ ကြောင့်ဖားသေမဖြစ်ဖို့လိုပါတယ်။

ဘယ်သူ့ဆီကမှ အကူအညီမရဘဲကိုယ့်အားကိုယ်ကိုး ပြီးလုပ်ကိုင်ဆောင်ရွက်ရမဲ့ ကာလပါပဲ။

အောက်လက် ငယ်သားတပည့်တပန်းတွေကြောင့်လဲ ငွေကုန်စရာတွေကြုံ နေ ရတတ်ပါတယ်။

ကျန်းမာရေးမှာတော့ ဒီကာလ တော်တော်လေးကောင်းနေတာပါ။ လူပင်ပန်းပြီး မအားလပ်ပေမဲ့

ကျန်းမာရေး ကတော့ ညံ့မသွားပါဘူး။ အချစ်ရေး မှာ အဆက်ဟောင်းနဲ့ ပြန်လည်ပတ်သက်မှုတွေရှိလာနိုင်ပါတယ်။

မိမိစိတ်ပြတ် သားဖို့ လိုအပ်ပါတယ်။ နို့မို့ဆို လက်ရှိချစ်သူနဲ့ အချစ်ဟောင်းကြား ဗျာများစရာကိစ္စတွေ ပေါ်လာ လိမ့်မယ်။

အိမ်ထောင် ရေးမှာတော့သာယာပျော်ရွှင်စရာကောင်းတဲ့ ကာလလေးပါပဲ။ အိမ်တွင်းစီးပွားရေးရှိရင် တိုးတတ်မဲ့ ကာလ ပါပဲ။

ပညာရေးကတော့ အထူးကြိုးစားရပါလိမ့်မယ်။ ပညာကံအားနည်းချက်တွေရှိနေမဲ့ ကာလ ပါပဲ။

အကျိုးပေးဂဏန်း ၃/၄/၀

အထူးဟော ကိုယ်ခံအားနည်းနေတယ်။ သိပ်အပင်ပန်းမခံနဲ့။

ယတြာ ဗုဒ္ဓဟူးဂြိုလ်မင်းနှင့်တကွဗုဒ္ဓဟူးသားသမီးတွေကို ဦးစားပေးမေတ္တာပို့ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09 77 5555 695 ၊ 09 44 5555 695

Credit

Leave a Reply

Your email address will not be published.