ကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ခံစားနေရသည့်ငယ်သူငယ်ချင်းအား နောက်ဆုံးအနေနဲ့ ခရီးတူတူခေါ်ထွက်လည်ပေးခဲ့သော အမျိုးသား

International News

ကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ခံစားနေရသည့်ငယ်သူငယ်ချင်းအား နောက်ဆုံးအနေနဲ့ ခရီးတူတူခေါ်ထွက်လည်ပေးခဲ့သော အမျိုးသား

လူတိုင်းရဲ့ဘဝမှာ သူငယ်ချင်းမိတ်ဆွေကောင်းတစ်ယောက်လောက်တော့ရှိသင့်ပြီး ကိုယ်ရဲ့အဆင်မပြေမှု ခက်ခဲမှုအားလုံးနဲ့ ရင်ဆိုင်ရသည့်အခါ သူငယ်ချင်းကအကောင်းဆုံး ရင်ဖွင့်ဖော် တိုင်ပင်ဖော်အဖြစ် ရှိနေပေးတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Guangxiပြည်နယ်တွင် နေထိုင်သော အသက်၅၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် မကြာမီလောကကြီးထဲက အပြီးပိုင်ထွက်ခွာသွားရတော့မည့် ကင်ဆာရောဂါ နောက်ဆုံးဆင့်ဝေဒနာကို ခံစားနေရရှာသော ငယ်သူငယ်ချင်းဖြစ်သူကို နောက်ဆုံးအနေနဲ့ စိတ်အပန်းဖြေစေဖို့ နေရာအနှံ့ခရီးခေါ်ပက်ထွက်ခဲ့သည်။

အမျိုးသားသည် သူငယ်ချင်းဖြစ်သူကို ခရီးခေါ်ထွက်ဖို့အတွက် ငွေကြေးမရှိသော်လည်း သူများဆီက ချေးဌားကာ ကားဟောင်းတစ်စီးကိုအပိုင်ဝယ်ယူပြီးတော့ နှစ်ယောက်သား စိတ်ဖိစီးမှုတွေကင်းဝေးသည့်ခရီးကို ပျော်ရွှင်စွာ ထွက်ခဲ့ကြသည်။

ရောဂါသည်သူငယ်ချင်းဖြစ်သူသည် အမျိုးသားလိုစိတ်ရင်းအမှန်နဲ့ပေါင်းသင်းသောသူမျိုးနဲ့ ခင်မင်ရင်းနှီးခွင့်ရတာကို ဝမ်းသာမိပြီး သူသေသွားသည့်အခါ မျက်နှာသူငယ်နဲ့ ကျန်ရစ်ခဲ့မယ့် ဇနီးနှင့် သားသမီးတွေကို ပြုစုစောင့်ရှောက်ပေးဖို့ကိုလည်း ခရီးစဥ်တစ်လျှောက်လုံး မှာကြားခဲ့သည်။
Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.