ဝမ်းနည်းစိတ်ထိခိုက်ပေမယ့် သူရဲကောင်းတွေအများကြီးရှိသေးတယ်လို့ပြောလိုက်တဲ့ မင်းမော်ကွန်း…

Cele News

ဝမ်းနည်းစိတ်ထိခိုက်​ပေမယ့် သူရဲကောင်းတွေအများကြီးရှိသေးတယ်လို့ပြောလိုက်တဲ့ မင်းမော်ကွန်း…

ပရိသတ်ကြီး သရုပ်ဆောင် မငး်သားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့ လက်ရှိမှာလွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီတိုက်ပွဲမှာ အမှန်တရားအတွက်ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီမှ ပုဒ်မ ၅၀၅ ကနဲ့တရားစွဲဆိုခံရပြီးနောက် မိသားစုနဲ့အတူ ဘေးလွတ်ရာကိုတိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ မင်းသားချော မင်းမော်ကွန်း ဟာ လက်ရှိမှာတော်လှန်ရေးအတွက် တိုက်ပွဲအောင်မြင်ဖို့ အစွန်းကုန်ကြိုးစားနေတာလဲဖြစ်ပါတယ်။

ဒီလိုကြိုးစားရင်း ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကြောင့် စိတ်ထိခိုက်နေရပေမယ့် လူတစ်စုကို ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ မင်းမော်ကွန်း ကတော့လူတစ်စုကို အခုလိုပဲ သတိပေးလိုက်ပါတယ်။ ”

ဝမ်းနည်းစိတ်ထိခိုက်​ပေမယ့် စိတ်ဓါတ်က​တော့ဘူးကွ သူရဲ​ကောင်း​တွေမှအများကြီး မင်းတို့​ခွေးဇတ်မသိမ်းမချင်း ထပ်ထပ်​ပေါ်လာမှာ မင်းတို့ကိုနွှာဖို့​စောင့်နေတဲ့သူ​တွေ တပြုံ​တ​ခေါင်းကြီး ထမင်းဝ​အောင်စားထား မ​ပြော​တော့ဘူး ​​ခေါင်းဖြီးထား ​ခေါင်း​လျော်ထား ​ခေါင်းဦး​ကောင်း​ကောင်းနဲ့ ဝ​အောင်အိပ်ထား ” လို ့သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်ကနေ သတိပေးပြောကြားလိုက်ပါတယ်။

သူ့ရဲ့ပိုစ်အောက်မှာ မင်းမော်ကွန်း နဲ့ ထပ်တူစိတ်ထားခြင်းတူတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ အားပေးတဲ့ ပရိသတ်တွေရဲ့ အားမာန်အပြည့်နဲ့ ထောက်ခံထားတဲ့ ကောမန့်များစွာကိုတွေ့ရပြီးတော့ ပြန်လည်မျှဝေသူကလဲ မြောက်မြားစွာရှိပါတယ်။မင်းမော်ကွန်း ဟာလွန်ခဲ့တဲ့ရက်ပိုင်းလောက်က တိုင်းရင်းသားဒေသတစ်ခုရဲ့ တောင်ပေါ်လမ်းကလေးကို သွားလာရလွယ်ကူအောင် ဖောက်လုပ်ပေးခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ… ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ သရုပ်ဆောင်မင်းသားချော အမှန်တရားဘက်တော်သား မင်းမော်ကွန်း ကိုဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားပေးခဲ့ပါအုန်းနော်။

အချိန်ပေးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အြမန်ဆုံးကင်းဝေးပြီးတော့ လိူအပ်နေတဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိပါစေ။
Credit

Leave a Reply

Your email address will not be published.