ငါးရှဉ့်သည် လူတို့ဝမ်းဆာဖြည့်အစားအစာတစ်မျိုးဖြစ်ပြီး သွေးအားနည်းသူများအတွက် အကျိုးသက်ရောက်စေသည်ဟုလည်း နာမည်ကြီးသည်။




ငါးရှဉ့်ဟင်းတစ်ခွက် ချက်ဖို့ဆိုတာ လွယ်ကူသော အရာတစ်ခုမဟုတ်ပါ။ငါးရှဉ့်ဧ။် ခန္ဓာကိုယ်ကို ကိုင်တွယ်ဖို့ရာ အလွန်ချောလွန်းသဖြင့် ကျွမ်းကျင်သူများအတွက်သာ အဆင်ပြေလှသည်။




ယခုအခါတွင်လည်း ဗီယက်နမ်သူလေး တစ်ယောက်သည် ဈေးထဲမှ ငါးရှဉ့်အမြောက်အများ ဝယ်လာခဲ့ပြီး လိုင်းပေါ်တွင် သူမဧ။် ငါးရှဉ့်ချက်နည်းစကေးလက်ရာအား ပြသခဲ့ရာမှ ထိတ်လန့်တုန်လှုပ်မှုတွေနှင့်အတူ အရှက်ကွဲခဲ့ပြီး အဆုံးသတ်ခဲ့ရသည်။




မိန်းကလေးသည် ငါးရှဉ့်ဟင်းကား တစ်ကြိမ်တစ်ခါမျှ မချက်ဖူးသေးသည့်အပြင် မည်သို့ကိုင်တွယ်ရမည်ကို မသိခဲ့၍




အကောင်လိုက် အိုးထည့်တွင်ထည့်ကာ တည်ထားလိုက်စဉ် ငါးရှဉ့်များမှာ များလွန်း၍ အိုးပင်အပူမရရှိခဲ့ပေ။




အချိန်အနည်းငယ်ကြာတွင် အမျိုးသမီးသည် တည်ထားသော အိုးအဖုံးအား လှပ်ကြည့်ခဲ့ရာ အိုးထဲရှိ ငါးရှဉ့်အားလုံးအကုန်ထွက်ကုန်၍ တစ်အိမ်လုံး ရှုပ်ပွသွားစေခဲ့သည်။




ထိုနေ့ကစပြီး အမျိုးသမီးသည် အိပ်မက်ထဲထိပင် ငါးရှဉ့်ကိုမက်ခဲ့၍ အလွန်ကြောက်သွားပြီး နောက်ထပ်မစားရဲတော့ကြောင်း လူမှုကွန်ယက်တွင် ပြောဆိုခဲ့သည်။




Hlaing (Love Feeling)
Credit