ရခိုင်ငပိထောင်းနည်းမေးနေသူတွေအတွက်

Food

ရခိုင်ငပိထောင်းနည်းမေးနေသူတွေအတွက်

ပါဝင်ပစ္စည်း
~~~~~~~
ငြုပ်သီးစိမ်း/နီ
ကြက်သွန်ဖြူ
ငပိ
ငါးရွှေကျပ်တိုက်
ရခိုင်အာပူရွက်(ရန်ကုန် ရခိုင်မုန့်တီဆိုင်များတွင်ရနိုင်) <သို့> ငြုပ်ကောင်းစိလှော်
မကျီးသီးမှည့်

ပြုလုပ်နည်း
~~~~~~~
ငြုပ်သီး နှင့် ကြက်သွန်ဖြူကို အရောင်ပြောင်းသည်ထိ အိုးကင်းပူတိုက်ပြီးထောင်းထားပါ
ငပိကို မွှေးလာသည်အထိမီးမြိုက်ပါ
အာပူရွက်ခြောက်ကိုနွန်းပျော့လာသည်ထိ ရေစိမ်ထားပါ၊
ပြီးလျှင် အာပူရွက်နဲ့ မကျီးနှစ်နဲ့ ရောပြီးမီးဖိုပေါ်အနှစ်ကျသည်ထိကျိုပါ

အနှစ်လည်းကျ မကျီးစိမ်းနံ့လည်းပျောက်ပီး အာပူရွက်နံ့သင်းလာလျှင်
မီးဖိုမှချပြီးအအေးခံထားပါ
ငြုပ်သီးကြက်သွန်ဖြူထောင်း+ငပိမီးကင်+မကျီးသီးအာပူရွက်အနှစ်+ငါးရွှေကျပ်တိုက် ရယ်ကို ရောပြီးထပ်ထောင်းပါ

အပေါ့အငံကိုလိုသလိုမိမိအရသာအတိုင်းထည့်၍သုံးဆောင်နိုင်သည်
အာပူရွက်မရှိက ငြုပ်ကောင်းစိလှော်ထည့်ထောင်းနိုင်သည်

ကျမက ဟင်းချိုမှုန့်လုံးဝမထည့်တော့ အချိုအတွက်ငါးရွှေကျပ်တိုက်ကိုသုံးပါတယ်။
ရေခြားမြေခြားမှာ ငပိမီးဖုတ်ပြီး ငပိထောင်းစားဖို့အတော်မလွယ်ပါ။

နိုင်ငံခြားသားတွေနဲ့တအိမ်တည်းအတူနေရသူတွေအဖို့ပိုဆိုးပါတယ် ဒါကြောင့် မနက်ဖြန် တနင်္ဂနွေနေ့ နေ့လည် ၂နာရီ အချိန်မှာ ရခိုင်ငပိထောင်းအလှူလုပ်မှာမို့ မြန်မာအများစုရှိတဲ့နေရာ ဆီးတီးဟော၊ ပန်နီဆူလာပလာဇာ Bata ဖိနပ်ဆိုင်နောက်ဂိတ်ပေါက်ဝမှာ ဝေပါမယ်။ လမ်းကြုံသူများ ကျမအလှူလေးဖြစ်မြောက်အောင်ကျေးဇူးပြု၍အားပေးသွားကြပါရှင်။

ချစ်သော❤️အိနြ္ဒာ
Credit‌ေပးပါသည် မူရင်းပိုင်ရှင်အား

Leave a Reply

Your email address will not be published.