ယိုးဒယား ခရမ်းသီးထောင်းနည်း?????

Food

ယိုးဒယား ခရမ်းသီးထောင်းနည်း

အရမ်းလွယ်ပါတယ်နော် ? ထမင်းနဲ့ တွဲစားလို့လဲ ကောင်းမှကောင်း ?
ခရမ်းသီး ၂၅ကျပ်သား
ငရုတ်သီးကတော့ ကြိုက်နှစ်သက်သလောက်ထဲ့ပါ
ကြက်သွန်ဖြူ သုံးမြှောင့်
ကြက်သွန်နီ အ​သေး သုံးလုံး
ပင်စိမ်းရွက်တစ်စည်း.(သို့မဟုတ်) ပူစီနံရွက်တစ်စည်း
ကြိုက်တာ ထဲ့ပါရှင့်

ပထမဆုံး ခရမ်းသီးကို ရေစင်အောင် ဆေးပြီး အလုံးလိုက်လေးတွေ ပြုတ်ပါ
ငရုတ် ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို မွှေးနေအောင် လှော်ထားပါ
ပင်စိမ်းရွက် ရေးစင်အောင်ဆေးထားပါ

ပြီးရင် လှော်ထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးကို ရောထောင်းပါ ဆား ကြက်သားမှုန့် ငံပြာရည် အနဲငယ် (အချိူ မှုန့် ကြိုက်ရင်ထဲ့ပါ)

မညက်တညက်အနေအထားရရင် ခရမ်းသီးပြုတ်လေးတွေ ထဲ့ထောင်းပါ
နောက်ဆုံးမှ ပင်စိမ်းရွက်လေး ခြွေပြီး ထဲ့ထောင်းပြီးရင် ပန်းကန်ထဲထဲ့ပြီး ဆီလေးဆမ်း ထမင်းပူပူလေးနဲ့ စားလို့ရပါပြီရှင့် ?

ပင်စိမ်းရွက် အနံ့မွှေးမွှေးနဲ့ ခရမ်းသီးရဲ့ အရသာလေးရယ် ကြက်သွန် ငရုတ်ရဲ့ စပ်တဲ့ အရသာလေးရယ် အရမ်းစားလို့ ကောင်းပါတယ်နော် ?

နောက်နေ့မှ အားလူးထောင်းနည်းလေးတင်ပေးအုံးမယ်
ထမင်းနဲ့လဲ အရမ်းလိုက်ပြီး ဒီတိုင်း ရေနွေးနဲ့ မြည်းလဲ ကောင်းလွန်းလို့ ကိုယ်တွေတော့ အရမ်းကြိုက်ပဲ ? ?

Credit Yamonephyowai

Leave a Reply

Your email address will not be published.