အိမ်မှာမွေးထားသည့်ခွေးကလေးက သူမ၏ကျောင်းစာရွက်တွေကို စုတ်ဖြဲပစ်ခဲ့သော်လည်း ခွေးကလေးကိုမရိုက်ရက်သဖြင့် ဖိနပ်နှင့်ကြမ်းပြင်ကိုရိုက်ပြီး ငိုကြွေးရင်းစိတ်တိုနေခဲ့သည့် သမီးငယ်လေး

Lifestyle

လူတိုင်းတွင် သူတို့၏ဘဝ၌ရင်ထဲတွင်ချစ်ခင်နေမိသော တိရိစ္ဆာန်တစ်ကောင်ကောင်တော့ရှိနေတတ်ကြတာဖြစ်ပါတယ်။

ထိုအတူပင် မိန်းကလေးအများစုတို့ကို ခွေးလေးကြောင်လေးတွေကို အလွန်ချစ်ခင်ကြပြီး လက်ကမချနိုင်အောင် ချစ်နေတတ်ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ Shandongပြည်နယ်မှ သမီးငယ်လေးတစ်ဦး၏ နေအိမ်တွင် မွေးထားသောခွေးလေးအပေါ်ဒေါသထွက်နေပုံဟာ အလွန်ရယ်စရာကောင်းလှပါတယ်။

သမီးငယ်လေးက ကျောင်းသွားတက်နေတုန်းက ခွေးကလေးက သမီးငယ်၏ အိမ်တွင်ကျန်နေသော စာအုပ်တွေကို ကိုက်ဖြဲလိုက်တာဖြစ်ပါတယ်။

ထိုအခါသမီးငယ်လေးက ကျောင်းကအပြန်တွင်တွေ့လိုက်ရသောအခါ ခွေးကလေးက်ုအလွန်ဒေါသထွက်သော်လည်း မရိုက်ရက်သဖြင့် ဖိနပ်နှင့်ကြမ်းပြင်ကိုသာရိုက်၍ငိုကြွေးရင်း ဒေါသတွေကိုဖျောက်နေရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Leave a Reply

Your email address will not be published.