ရေခဲမုန့်လုပ်နည်း😋😋😍(Very Easy) ခလေးများအကြိုက်

Food

ရေခဲမုန့်လုပ်နည်း😋😋😍(Very Easy)
ခလေးများအကြိုက်

နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။
(တချို့ကwhipping creamကိုသုံးကြပါတယ် whipping creamနဲ့နွားနို့ဘာကွာလဲဆို နွားနို့ကရေခဲမုန့်ရတဲ့ခါ နဲနဲမာမာလေးရတယ် whipping creamကျတော့
နဲနဲပျော့တယ် calories များတော့ လူကိုလဲဝိတ်တက်စေပါတယ်နော်)

ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊
ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကို
ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။

-ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။
-သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။
(သကြား/နို့ဆီကြိုက်ရာထည့်ပါ)
မပြတ်မွှေပေးပြီး ပျစ်လာအောင်ကျိုပါ။

ပျစ်ပျစ်လေးဖြစ်လာရင်
မီးဖိုပေါ်ကချပြီးအအေးခံပါ။
အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ
၄နာရီလောက်ထည့်ပြီးအအေးခံပါ ။

ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး
သစ်သီးမွှေစက် (Blender)ထဲထည့်ပြီး
တစ်မိနစ်လောက်မွှေပါ။တကယ္လို့ ချောကလက်ရေခဲမုန့်လိုချင်ရင် ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။

ဒူးရင်းသီးရေခဲမုန့်လိုချင်ရင်
ဒူးရင်းသီးအသားထည့်မွှေပါ။
နှစ်သက်သလောက်ထည့်နိုင်ပါတယ်။
ရေခဲမုန့်အနေအထားကြည့်ပြီး
ချင့်ချိန်ထည့်ပါ။

သီးစုံရေခဲမုန့်လိုရင်တော့
ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊
သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။
သမအောင် ဇွန်းနဲ့မွှေပါ။
Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။

ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို
ဉာဏ်ရှိရင် ရွိသလို
ဆန်းသစ်တီထွင်နိုင်ပါတယ်။
မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း
(ရေခဲခန်း)ထဲပြန်ထည့်ပါ။
၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။

Crd

Leave a Reply

Your email address will not be published.