ယခုအဖြစ်အပျက်လေးကတော့ ဗီယက်နမ်နိုင်ငံ Tien Giangပြည်နယ် Congမြို့တွင် Huynh Thi Kim Nhan ဆိုသည့်အသက်၁၈နှစ်အရွယ် ကျောင်းသူလေးက တရားစွဲခံထားရတာဖြစ်ပါတယ်။အကြောင်းကတော့ အသက်၃၀အရွယ်ရှိနေပြီဖြစ်သော Pham Vu Quang Truongဆိုသည့် အမျိုးသားဟာ လိုင်းပေါ်ကတစ်ဆင့်သိခဲ့သည်ြ ကျောင်းသူလေးနှင့်ချစ်ကြိုက်ခဲ့ပါတယ်။




ထို့နောက်တွင်ကျောင်းသူလေးက အွန်လိုင်းတွင်စျေးရောင်းဖို့အတွက်ဆိုကာ အမျိုးသား၏ဘဏ်ကဒ်တွေကိုတောင်းဆိုခဲ့ပြီးနောက်မှာတော့ ပိုက်ဆံတွေကိုအကုန်ထုတ်ယူပြီး လိမ်လည်သွားခဲ့ပါတော့တယ်။




ထို့ကြောင့်လည်း အမျိုးသားဟာ ချစ်သူကောင်မလေးကို ရဲစခန်းသို့သွားကာ အမြန်ဆုံးသွားတိုင်ပြီး ဖမ်းခိုင်းခဲ့ခြင်းဖြစ်ပါတယ်။




ကောင်မလေးငယ်ငယ်လေးကို ကြိုက်မိခဲ့တဲ့အမျိုးသားကတော့ နောင်တရနေမှာသေချာပါတယ်။




Shoon (Cele Daily)
Crd