လေထိုးတံကို အားသွန်ခွန်စိုက်ထိုးကာ ရောဂါသည်ဖခင်ဖြစ်သူနေရအဆင်ပြေအောင် သက်သာအောင် ကူညီပေးနေသော အသက်၆နှစ်အရွယ် ကလေးမလေး




ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟုဆိုကြသလို ချမ်းသာသူပဲဖြစ်ဖြစ် ဆင်းရဲသူပဲဖြစ်ဖြစ် အဓိကကျန်မာရေးကောင်းမွန်နေမှသာ လိုရာပန်းတိုင်ကို သွားနိုင်ပြီး ချမ်းသာသူများအတွက်က ရောဂါရှိတာသိတာနဲ့ ဆေးကုသပြီးပျောက်ကင်းနိုင်ပေမယ့် ဆင်းရဲသူများကျ ဆေးဖိုးဝါးခမတတ်နိုင်တာကြောင့် အိမ်မှာပဲ သက်သာသည့်နည်းလမ်းနဲ့ ကုသရင်းနေကြရသည်။




ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အသက်၆၀အရွယ် ဖခင်တစ်ဦးသည် မကြာခဏအသက်ရှူကြပ်တတ်ပြီး အောက်စီဂျင်ရှူဖို့လိုအပ်ပေမယ့်လည်း ဆေးဖိုးဝါးခမတတ်နိုင်တာကြောင့်ပဲ အိမ်မှာနေရင်းနဲ့ လေထိုးတံကနေ ထုတ်လွှင့်လိုက်သောလေကိုသာ ရှူသွင်းခဲ့ရသည်။




ကံကောင်းစွာပဲ အမျိုးသားကြီးသည် ရောဂါရချိန်ကတည်းက အိမ်မှာပဲနေရပြီး စားဝတ်နေရေးအတွက်က ဇနီးဖြစ်သူမှ အပြင်အလုပ်ထွက်လုပ်ပြီး ရှာကျွေးကာ ၆နှစ်သာရှိသေးသော သမီးလေးက အလိုက်သိစွာ လေထိုးတံကို လိုအပ်သည့်ချိန်တိုင်းမှာ မငြိုမငြင်နဲ့ထိုးပေးလေ့ရှိခဲ့သည်။




သမီးလေးကြောင့်ပဲ ဖခင်ဖြစ်သူရဲ့ ရောဂါမှာ ဆိုးဆိုးရွားရွားမဖြစ်တော့ပဲ သက်သာလာသည့်အပြင် သမီးလေးရဲ့ ဖခင်အပေါ်မှာ ကျေးဇူးသိတတ်မှုနဲ့ ကြင်နာမှုတို့ကြောင့် မြင်တွေ့သူများက ချီးကျူးကာ ဆေးဖိုးဝါးခတွေကူညီပေးခဲ့ကြသည်။




Rain (For Ialinks)
Crd