သူ့ကိုချစ်တဲ့ပရိသတ်တွေက အရင်ကပုံတွေကို upကာ ကြည်စယ်နေကြလို့ ရယ်ရမလိုငိုရမလိုဖြစ်နေတဲ့ မင်းသားချောပိုင်တံခွန်

Cele News

သူ့ကိုချစ်တဲ့ပရိသတ်တွေက အရင်ကပုံတွေကို upကာ ကြည်စယ်နေကြလို့ ရယ်ရမလိုငိုရမလိုဖြစ်နေတဲ့ မင်းသားချောပိုင်တံခွန်   

ပရိသတ်ကြီးရေ….ပိုင်တံခွန် ဆိုတဲ့ ပြည်သူချစ် မင်းသားလေးကို အားလုံးပဲ သိကြလိမ့်မယ်လို့ ထင်ပါတယ်။မကြာသေးခင် ကမှ ပြည်သူတွေနဲ့ မိသားစုဆီ ပြန်လည်ရောက်ရှိတဲ့ ကိုပိုင်ကို အားလုံးက ပိုပြီးချစ် ပိုပြီးအားပေးလာကြ ပါတယ်။မိသားစုတွေ ကလည်း ကိုပိုင်ကို အရမ်းသတိရ လွမ်းဆွတ်နေသလိုပြန်တွေ့တဲ့အချိန်မှာလည်းအလွမ်းသယ်လို့မဝဖြစ်နေတာပါပဲနော်။   

ပရိတ်သတ်တွေ ကလည်း ကိုပိုင်ပြန်ရောက် လာတဲ့ နောက်ပိုင်းမှာ သူ့ကိုအရင်ကထက်ပိုပြီး အားပေးချစ်ခင် လာကြပါတယ်။အရင်ကလိုပဲ အနုပညာလုပ်ငန်း‌တွေကို ပြန်ပြီး လုပ်ကိုင်နေသလို သူ့ရဲ့ အနုပညာလုပ်ငန်းတိုင်း ကိုလည်း ပရိတ်သတ်တွေက တခဲနက်အား‌ပေးကြတာပါပဲ။တိရစ္ဆာန် အကောင်ပ‌‌‌လောင်လေး‌တွေကို ချစ်တတ်ပြီး ထူးထူးဆန်းဆန်း‌ ‌လေး‌တွေကို ‌‌မွေးတတ်တဲ့ သူဟာ စိတ်ထားနူးညံ့တဲ့ တိရစ္ဆာန်ချစ်သူလေးလည်းဖြစ်ပါတယ်‌နော်….အနုပညာလုပ်ငန်းထဲကို စဝင်ခါစတုန်းက ကလေးရုပ်လေးနဲ့ မပြင်တတ်မဆင်တတ်သေး‌ပေမယ့်လည်း အခုနောက်ပိုင်းမှာ ‌တော့အရမ်းကိုတည်ကြည်ခန့်ညားလာတာ‌ကြောင့် မြန်မာနိုင်ငံမှာတင်မက တစ်ခြား အိမ်နီးချင်းနိုင်ငံတွေမှာပါ ပိုင်တံခွန်ဆိုတဲ့နာမည်တစ်လုံးနဲ့ ‌အောင်မြင်ခဲ့ပါတယ်။   

သူ့ကို ချစ်ခင်တဲ့သူ ဘယ်လောက် များလဲဆိုရင် သူ့ရဲ့ Social Media acc ထဲကိုဝင်ပြီး သူ့ငယ်ဘဝက ပုံရိပ်လေး‌တွေကို up ကာ ကြည်စားတဲ့ပရိတ်သတ်တွေအများကြီးရှိလာခဲ့ပါတယ်။ တစ်ယောက်ယောက်က အစပျိုးလိုက်ရာကနေ ကိုပိုင့်ရဲ့ ငယ်ငယ်တုန်းက ဓာတ်ပုံတွေက Social Media ပေါ်မှာ ပြန်ပြီး ပျံ့နှံ့လာခဲ့ပါတယ်နော်…အရင်တုန်းက ပုံလေး‌တွေကအခုပြန်ကြည့်တော့ ချစ်လည်းချစ်ဖို့ကောင်း ရယ်လည်းရယ်ဖို့ကောင်းတာမလို့ ကိုပိုင် တစ်ယောက် ရှက်နေရှာပါတယ်နော်…ဟီ… ဘာပဲဖြစ်ဖြစ် ပရိတ်သတ်တွေချစ်လို့ ကျီစားတာဆိုတော့လည်း ကိုပိုင်တစ်ယောက်ပျော်လည်း‌ပျော်ရှက် လည်းရှက်ပေါ့ ‌နော်…   

Source from Paing Takhon’s Facebook
Credit ; MMLoad

Leave a Reply

Your email address will not be published.