ဂိမ်းဆော့ပြီး ဖုန်းအားသွင်းရင်း ပလတ်ပေါက်အနီးမှာ ကောင်လေးတစ်ဦး ဖုန်းပေါ်ဖိမိပြီး အိပ်ပျော်မိသွားရာမှ… See more

International News

Zawgyi










Unicode

ဂိမ်းဆော့ပြီး ဖုန်းအားသွင်းရင်း ပလတ်ပေါက်အနီးမှာ ကောင်လေးတစ်ဦး ဖုန်းပေါ်ဖိမိပြီး အိပ်ပျော်မိသွားရာမှ… See more

လူတွေမကြာခဏ ဓာတ်လိုက်သေဆုံးကြတဲ့အကြောင်းမျိုးစုံကို ကြားဖူးကြမှာပါ ။ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်အကြောင်းအရာအများစုကတော့ ဖုန်းသုံးရင်းနဲ့ ဓာတ်လိုက်သေဆုံးကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်က ထိုင်းနိုင်ငံမှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ သူ၏ တူလေးဖြစ်တဲ့

အသက် (18)နှစ်အရွယ် ၊ Suthee အမည်ရှိတဲ့ကောင်လေးဟာ အိပ်ရာပေါ်မှာသေဆုံးနေခဲ့တာကိုတွေ့ရှိခဲ့တဲ့အတွက်ရဲဌာနသို့အကြောင်းကြားမှုဖြစ်ပွားခဲ့ပါတယ် ။ သတင်းအရင်းအမြစ်အရ Suthee ဟာ ပလတ်ပေါက်နဲ့အားသွင်းထားတဲ့

ဖုန်းအပေါ်အိပ်ပျော်သွားခဲ့တာဖြစ်ပြီး ၊ ထိုမှတစ်ဆင့် ဓာတ်လိုက်သွားကာသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။Suthee၏ရုပ်အလောင်းကို ဖြူ ဖျော့နေတဲ့ နှုတ်ခမ်းနှင့် သူ၏လက်မှာလည်း အားသွင်းထားတဲ့ပလတ်ပေါက်အပေါ်သို့

တင်ထားသောအနေအထားဖြင့်တွေ့ရှိခဲ့ရပါတယ် ။Suthee ၏ဦးလေးဖြစ်သူပြောပြချက်အရ ပြီးခဲ့တဲ့ညကSuthee ၏အခန်းထဲမှကျယ်လောင်သောအော်ဟစ်ငိုကြွေးသံမျိုးကိုကြားခဲ့ရကြောင်း သို့ပေမဲ့လည်းSuthee ကအမြဲလိုလို

mobile games ဆော့နေခဲ့တာမျိုးဖြစ်တဲ့အတွက် အခန်းထဲသို့လာရောက်စစ်ဆေးခဲ့ခြင်းမျိုးမပြုလုပ်ခဲ့မိကြောင်း ပြောဆိုခဲ့ပါတယ် ။မနက်ခင်းရောက်တော့ တူလေးကိုလာရောက်ခေါ်ထတဲ့အချိန်မှာတော့ ပြန်လည်ဖြေကြားခဲ့ခြင်း

မျိုးမရှိတော့ပဲသေဆုံးနေခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ရဲအရာရှိများက ကလေးမိဘများကို အားသွင်းနေချိန်အတွင်းဖုန်းအသုံးပြုခြင်းက အတော်လေးကိုအန္တရာယ်များတဲ့အတွက် ကလေးများကိုပိုပြီးဂရုတစိုက်ပြောပြ ၊ ကြည့်ရ

ှုပေးကြဖို့ သတိပေးခဲ့ကြပါတယ် ။ဖုန်းကိုအားသွင်းနေချိန်အတွင်း အသုံးပြုခဲ့ကြလို့ဓာတ်လိုက်သေဆုံးကြတာမျိုးကိုအမြဲလိုလိုကြားဖူးခဲ့ပေမဲ့လည်း ၊ Suthee ရဲ့ဖြစ်စဉ်မှာတော့ဖုန်းအသုံးပြုနေတာမဟုတ်ဘဲ အားသွင်းနေချိန်အတွင်း

ဖုန်အပေါ်ဖိပြီးအိပ်မိခဲ့၍ဖြစ်ကြောင်း သိရှိရပါတယ် ။ဒါကြောင့်မို့ ကိုယ့်ရဲ့အနီးအနားမှာ ဖုန်းကိုထားပြီးအားသွင်းခြင်းကအန္တရာယ်အလွန်များပါတယ် ။အထူးသဖြင့် ညဖက်တွေမှာပါ ။ ဒီရဲ့အဖြစ်အပျက်လေးက စာဖတ်သူတိုင်းကိုပိုပြီးသတိဝီရိယပိုရှိစေမယ်လို့ မျှော်လင့်မိပါတယ်…။crd

Leave a Reply

Your email address will not be published.