အရွယ်တင်နုပျိုလွန်းလို့ အသက် (၄၅) နှစ်လို့မထင်ရအောင်ကို ချောမောနေဆဲ၊ဇနီးသည်ကတောင်ချီးကျူးရတဲ့ ပိုင်ဇေရဲထွန်း

Cele News

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ တချိန်ကပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားအဖြစ် လူသိများကျော်ကြားတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့ ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲမင်းသားတစ်ယောက်ဖြစ်ပါတယ်။ အရင်လောက်အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ပရိသတ်တွေရဲ့အချစ်ကို မလျော့စတမ်းရရှိထားတဲ့ ပိုင်ဇေရဲထွန်းဟာ ပြီးခဲ့တဲ့ မေလ (၂၅) ရက်နေ့မှာ သူ့ရဲ့အသက် (၄၅) နှစ်ပြည့်မွေးနေ့ကိုဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်..။

အသက် (၄၅) နှစ်ဆိုတဲ့ အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းတဲ့ ပိုင်ဇေရဲထွန်းဟာ ပရိသတ်တွေရဲ့ အားကျမှုကိုခံရသလို သူ့ထက်အသက်ဆယ်နှစ်ကျော်ငယ်တဲ့ ဇနီးသည်ဆီကတောင် ချီးကျူးခံနေရတာပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းရဲ့ဇနီး ဇင်သဲနိုင်က ပိုင်ဇေရဲထွန်းရဲ့ ရုပ်ရည်ကို “ ကောင်လေးကချောထှာအေ ??? အသက် ၄၅ နှစ်ဆိုတာထင်ကိုမထင်ရဘူး ??? ” ဟုဆိုပြီး ချီးကျူးရတဲ့အထိတောင် နုပျိုလွန်းနေတာပဲဖြစ်ပါတယ်..။

ပိုင်ဇေရဲထွန်းကတော့ အသက်လေးဆယ်ကျော်လို့ ငါးဆယ်နီးပါး အရွယ်ရောက်နေတာတောင် လူငယ်လေးတစ်ယောက်လို နုပျိုနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းရဲ့ နုပျိုမှုကိုကြည့်ပြီး အားကျနေလောက်ပြီထင်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလ်ိုက်ပါတယ်နော်..။

Credit ; Cele Active World

Leave a Reply

Your email address will not be published.