ဖက်ထုပ်ရွက်ပြုလုပ်နည်း

Food

ဖက်ထုပ်ရွက်ပြုလုပ်နည်းပါ တစ်ခါတည်းဖတ်ရုံနဲ့နားမလည်းရင်
နားလည်သွားသည်ထိဖတ်ပေးကြပါရှင့်

#ဖက်ထုပ်ရွက်ပြုလုပ်နည်း

ပါ၀င်သောပစ္စည်းများ
ဂျုံမှုန့် (ဘက်စုံသုံး) – ရိုးရိုးကော်ဖီခွက် ၂ခွက် / ဇွန်း – ၃၂ဇွန်း
ကွကျဥ – ၁ လုံး

ရေ – ထမင်းစားဇွန်း – ၆ ဇွန်းခွဲ
ဆား – လဘက်ရည်ဇွန်း – ၄ပုံ ၃ပုံ
ပြောင်းဖူးမှုန့် ( မကပ်အောင်လုပ်ရန်အတွက်/ ဂျုံမှုန့်နဲ့ဆိုရင် ခေါက်ဆွဲတွေက မာဂေါက်ကြီးဖြစ်သွားတတ်လို့ပါ / ပြောင်းဖူးမှုန့်လုံး၀မရှိဘူးဆိုရင်တော့ ဂျုံမှုန့်ကို အသုံးပြုလို့ရပါတယ် )

ပြုလုပ်နည်း

ဂျုံမှုန့်ကို ဇလုံတစ်ခုထဲထည့်ထားပါ။
ကြက်ဥ – ရေ နှင့် ဆားကို အခြားခွက်တစ်ခုထဲထည့်၍ ဆားများအရည်ပျော်သည့်အထိ ခလောက်ပါ
ဂျုံမှုန့်ရဲ့အလယ်မှာ ရေတွင်းလိုပုံစံမျိုး အပေါက်ဖြစ်အောင်လုပ်ထားပါ / ဖျော်ထားသောကြက်ဥအရေများကိုထည့်ပါ။ ဇွန်းဖြင့်သမအောင်လုပ်ပါ


အလုံးဖြစ်လာသည်အထိ သမာအောင်နယ်ပြီး အလုံးဖြစ်လာရင် ချောမွေ့လာသိအထိ လက်ဖနောင့်ဖြင့်နယ်ပါ ( အနည်းဆုံ

၁၀ မိနှစ်လောက်နယ်ပြီးပေးပါ )
ကြက်ဥအကြီး အသေးအပေါ်မူတည်၍ ရေနှင့်ဂျုံမှုန့် အနည်းငယ်ကွာတတ်ပါတယ်
အရမ်းကပ်နေရင် ဂျုံမှုန့်ထမင်းစားဇွန်းတစ်ဇွန်းခန့်စီထည့်ပါ
ချောမွေ့လာသည်အထိနယ်ပါ

အရမ်းခြောက်နေရင် ရေကိုလဘက်ရည်ဇွန်း ၁ဇွန်းစီထည့်၍နယ်ပါ / ၅မိနစ်လောက်နယ်ပြီးသောအလုံးကို ဇလုံတစ်ခုထဲထည့်ပြီး ရေဆိုထားသောအ၀တ်ဖြင့်အုပ်၍တစ်နာရီခန့် အနည်းဆုံးထားပါ
တစ်နာရီ နှပ်ထားသောအလုံးကို ယူ၍ ၄ပိုင်း ပိုင်းပါ / ၃ပိုင်းကို ဇလုံထဲထည့်၍ အ၀တ်ဖြင့်ပြန်အုပ်ထားပါ / ဂျုံလုံးများခြောက်သွားမှာစိုးလို့
၄ပိုင်းထဲက ၁ပိုင်းကိုယူ၍ စဥ့်နီတုံး အပြား ပေါ်တင်၍ ဒလှိမ့်တုန်းဖြင့် လေးထောင့်ပြားပြီး ပါးပါးလေးဖြစ်အောင်လုပ်ပါ

( မကပ်အောင်အတွက် ပြောင်းဖူးမှုန့်များကို ဖြူးပြီးလုပ်ပါ )

ဒလှိမ့်တုန်းကိုလည်း ပြောင်းဖူးမှုန့်များ သုပ်လိမ်းပေးပါ
ဖက်ထုပ်အရွက်အတွက် တရုပ်ထမင်းစားပန်းကန်လုံးကိုယူ၍ ဂျုံများပေါ်ကို မှောက်ချလိုက်ပါ
ပန်းကန်လုံးပတ်ပတ်လည်ကို ဓါးအချွန်ဖြင့် ဖြတ်ပါ။ (သို့) နို့ဆီဗူးအခွန်ဖြင့် ဖိ၍ဖြတ်နိုင်ပါတယ် )
ဖကျထုပျရှကျအတှကျ ဝိုငျးဝိုငျးလေးတှရေပါပွီ

ဖက်ထုပ်အရွက် တစ်ရွက်နှင့်တစ်ရွက် မကပ်အောင် ပြောင်းဖူးမှုန့်များလူးပေးထားပါ
ခေါက်ဆွဲအတွက်ဆိုလျင် ခု နက အပြားလိုက်လုပ်ထားတဲ့ ဂျုံပြားရဲ့မျက်နှာပြင်ကို အရင်ဆုံး ပြောင်းဖူးမှုန့်ဖြူးပြီးလျှင်လိပ်လိုက်ပါ။ လိပ်ပြီးမှ လိုချင်သောအရွယ်အစား‌ခေါက်ဆွဲများကို ဖြတ်ပါ
ဖြတ်ပြီးသား ခေါက်ဆွဲများကို ပြောင်းဖူးမှုန့် အနည်းငယ် ဖြူး၍ဖွပေးပါ


ဖက်ထုပ်နှင့်ခေါက်ဆွဲများကို ချက်ခြင်းမစားသေးလျင် လေလုံသောအိပ်ထဲသို့ ထည့်၍ ရေခဲသေတ္တာထဲတွင် တစ်ပတ်ခန့်သိမ်းထားပြီးစားနိုင်ပါသည်
မူရင်းပိုစ့်ပိုင်ရှင်းအား လေးစားစွာ
Credit ပေးပါသည်။

Leave a Reply

Your email address will not be published.