ဝက်သားနီချက်နည်း

Food

ဝက်သားနီချက်
============

ချစ်တို့ရေ အသားတစ်မျိုးမျိုး စားတော့မယ်ဆိုရင် အရင်ဆုံးသတိရမိမှာက အဆီတစ်ထပ်၊ အသားတစ်ထပ်နဲ့ အိအိလေး ဖြစ်နေမယ့် ဝက်သားကိုပဲ ရွေးချယ်မိကြမယ် ထင်ပါတယ်။ ဝက်သားကြိုက်တဲ့သူတွေအတွက်တော့ ဝက်သားနီအချိုချက်လေးက တကယ့်ကို ထမင်းစားကောင်းစေမယ့် ဟင်းတစ်ခွက်ပါပဲ။ ဒီတစ်ခါမှာတော့ ကနေ ဝက်သားကြိုက်သူတို့ ခံတွင်းတွေ့စေမယ့် ဝက်သားနီအချိုချက်နည်းလေး ဖော်ြပလိုက်ပါတယ်။ အတူတူ လိုက်ချက်ကြည့်ရအောင်နော်။


ပါဝင်ပစ္စည်း

ဝက်သား- (၃၀) ကျပ်သား
ပဲငံပြာရည်- လက်ဖက်စားဇွန်း (၂) ဇွန်း
ဂျင်း- အနည်းငယ်
ကြက်သွန်ဖြူ-(၃)မွှာ
သကြား- အနည်းငယ်
ဆား၊ ဟင်းချိုမှုန့်နဲ့ ငရုတ်ကောင်း – အနည်းငယ်


ချက်ပြုတ်နည်း

ပထမဆုံး အရေးကြီးတာက ဝက်သားထဲကို အရသာတွေ ဝင်နေဖို့ပါ။ အဲဒီတော့ အနံ့အရသာ ပြည့်စုံဖို့အတွက် ဝက်သားကို ကိုယ်လိုချင်သလောက် အနေတော် အတုံးလေးတွေ တုံးပြီးရင် ကြက်သွန်ဖြူနဲ့ ဂျင်းကို ထောင်းထားပါ။


နောက်ပြီး ဝက်သားထဲကို အရသာဝင်အောင် ပဲငံပြာရည်အနောက်၊ဆား၊ ဟင်းချိုမှုန့်နဲ့ ထောင်းထားတဲ့ ဂျင်းကြက်သွန်ဖြူတို့ကို ထည့်ပြီး သမအောင် နယ်ပြီး နှပ်ထားပါ။ (၁၅) မိနစ်လောက် ကြာအောင် နှပ်လေကောင်းလေပါနော်။


ပြီးရင်တော့ အိုးကို မီးပူပေးပြီး ဆီထည့်ပါ။ ဆီကို တတ်နိုင်သလောက် ခပ်ပါးပါးလေးပဲ ထည့်ပါ။ ထမင်းစားဇွန်း တစ်ဇွန်းလောက်ဆိုလုံလောက်ပြီနော်။ ဆီပူလာရင် သကြားအနည်းငယ်ထည့်ပါ။ သကြားတွေ အရည်ပျော်လာပြီဆိုမှ ခုနက နှပ်ထားတဲ့ ဝက်သားကို ထည့်လိုက်ပါ။ ဆီတွေ ထပ်ထွက်လာပါလိမ့်မယ်။


အသားအဆီ နူးတဲ့အထိ ရေကို နည်းနည်းချင်းထည့်ပြီး တည်ထားပါ။ ရေခမ်း ဆီပြန်ဆိုရင် အရောင်ရဲရဲလေးနဲ့ အိစက်နေမယ့် ဝက်သားနီအချိုချက်လေး ရပြီနော်။


လေးစားလျှက်..crd. credit

Leave a Reply

Your email address will not be published.