ပိုက်ဆံ သိန်း(၃၀)လောက် လုယူခံရကြောင်း ရဲစခန်းသွားတိုင်ရာမှ တရားလိုမှ တရားခံဖြစ်သွားတဲ့ဖြစ်ရပ်

Local News

Zawgyi

ပိုက္ဆံ သိန္း(၃၀)ေလာက္ လုယူခံရေၾကာင္း ရဲစခန္းသြားတိုင္ရာမွ တရားလိုမွ တရားခံျဖစ္သြားတဲ့ျဖစ္ရပ္

ေငြအလုခံရေၾကာင္း ရဲစခန္းသို႔ တိုင္ၾကားခဲ့သူ တရားလိုမွာ ေငြေၾကးအလြဲသုံးစားလုပ္သူျဖစ္သည္ကို မေကြးနယ္ေျမရဲတပ္ဖြဲ႕က ေဖာ္ထုတ္လိုက္ေၾကာင္း သိရသည္။

ကုမၸဏီအေရာင္းဝန္ထမ္းတစ္ဦးျဖစ္သူ ကိုဇင္ကိုဦးက သူ၏ ေငြမ်ား အလုခံရသည္ဟုဆိုကာ ဇန္နဝါရီ ၆ ရက္က မေကြးနယ္ေျမရဲစခန္းသို႔ တိုင္ၾကားခဲ့ၿပီးေနာက္ပိုင္း ရဲတပ္ဖြဲ႕၏ စုံစမ္းေဖာ္ထုတ္မႈအရ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။

” သူက ကြၽန္ေတာ့္ပိုက္ဆံ သိန္း ၃၀ ေလာက္ လုခံရတယ္လို႔ ရဲစခန္းကို လာတိုင္တယ္။ သုခိတာလမ္းေပၚက လဝက႐ုံး ေရွ႕နားမွာ ဆိုင္ကယ္ႏွစ္စီးနဲ႔ လူငါးေယာက္က လုတာလို႔ ေျပာတယ္။

ဧရာဝတီနဲ႔ KBZ ဘဏ္ေတြမွာ ေငြသြားထုတ္ခဲ့တယ္ လို႔ ေျပာတယ္။ အဲဒီေနရာေတြက CCTV ေတြကို စစ္တယ္။ သူေျပာသလို မေတြ႕ရဘူး။ နယ္ထိန္း နဲ႔ ဒုစ႐ိုက္ႏွိမ္နင္းေရးအဖြဲ႕ေတြက လိုက္စုံစမ္းၿပီး

စစ္ေဆးေတာ့တရားလိုကေန တရားခံျဖစ္သြားတာပါ ” ဟု မေကြးနယ္ေျမစခန္းမႉး ရဲအုပ္ သန႔္ဇင္ထြန္း က ရွင္းျပသည္။ဇန္နဝါရီလ ၈ ရက္ေန႔တြင္ CENTURY BEVERAGE Co ltd ၏ အေရာင္းႀကီးၾကပ္ေရးမႉးက

ကုမၸဏီအေရာင္းဝန္ထမ္း ကိုဇင္ကိုဦးကို ကုမၸဏီေငြ ၂၉ သိန္းခန႔္ ( ၂၈၉၅၂၆၉ က်ပ္) အလြဲသုံးစားျပဳလုပ္သျဖင့္ အေရးယူေပးရန္ ရဲတပ္ဖြဲ႕သို႔ တိုင္ၾကားခဲ့သည္။မေကြးနယ္ေျမရဲစခန္း၌ အဆိုပါကုမၸဏီဝန္ထမ္းကို အမႈဖြင့္ကာ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။

Unicode

ပိုက်ဆံ သိန်း(၃၀)လောက် လုယူခံရကြောင်း ရဲစခန်းသွားတိုင်ရာမှ တရားလိုမှ တရားခံဖြစ်သွားတဲ့ဖြစ်ရပ်

ငွေအလုခံရကြောင်း ရဲစခန်းသို့ တိုင်ကြားခဲ့သူ တရားလိုမှာ ငွေကြေးအလွဲသုံးစားလုပ်သူဖြစ်သည်ကို မကွေးနယ်မြေရဲတပ်ဖွဲ့က ဖော်ထုတ်လိုက်ကြောင်း သိရသည်။

ကုမ္ပဏီအရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇင်ကိုဦးက သူ၏ ငွေများ အလုခံရသည်ဟုဆိုကာ ဇန်နဝါရီ ၆ ရက်က မကွေးနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

” သူက ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ လောက် လုခံရတယ်လို့ ရဲစခန်းကို လာတိုင်တယ်။ သုခိတာလမ်းပေါ်က လဝကရုံး ရှေ့နားမှာ ဆိုင်ကယ်နှစ်စီးနဲ့ လူငါးယောက်က လုတာလို့ ပြောတယ်။

ဧရာဝတီနဲ့ KBZ ဘဏ်တွေမှာ ငွေသွားထုတ်ခဲ့တယ် လို့ ပြောတယ်။ အဲဒီနေရာတွေက CCTV တွေကို စစ်တယ်။ သူပြောသလို မတွေ့ရဘူး။ နယ်ထိန်း နဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့တွေက လိုက်စုံစမ်းပြီး

စစ်ဆေးတော့တရားလိုကနေ တရားခံဖြစ်သွားတာပါ ” ဟု မကွေးနယ်မြေစခန်းမှူး ရဲအုပ် သန့်ဇင်ထွန်း က ရှင်းပြသည်။ဇန်နဝါရီလ ၈ ရက်နေ့တွင် CENTURY BEVERAGE Co ltd ၏ အရောင်းကြီးကြပ်ရေးမှူးက

ကုမ္ပဏီအရောင်းဝန်ထမ်း ကိုဇင်ကိုဦးကို ကုမ္ပဏီငွေ ၂၉ သိန်းခန့် ( ၂၈၉၅၂၆၉ ကျပ်) အလွဲသုံးစားပြုလုပ်သဖြင့် အရေးယူပေးရန် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။မကွေးနယ်မြေရဲစခန်း၌ အဆိုပါကုမ္ပဏီဝန်ထမ်းကို အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။crd

Leave a Reply

Your email address will not be published.