ကြက်ပဲငပိချက်နည်း

Food

ထမင်းမြိန်စေမဲ့ကြက်ပဲငပိဆိုင်ဟင်းလေးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ 😛 ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။


ပါဝင်ပစ္စည်း
******
ကြက်သား – လက်တစ်ဆုပ် ၁၅၀ ဂ၇မ် (ပုဇွန်၊ငါး၊အမဲသား)
ကြက်သွန်နီ – အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း – တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် – တစ်ဇွန်း
ကော်မှုန့် – တစ်ဇွန်း
ပဲငပိအစပ် – တစ်ဇွန်း စားပွဲတင်
(ဈေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသည်)
ခရမ်းချဉ်သီး -တစ်ခြမ်း
ကြက်သွန်မိတ် – ၂ပင်
ငရုပ်သီးစိမ်းနီ – ၃ တောင့်
ဆီ – လိုသလောက်


ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမကြက်သားကိုအတုံးသေးသေးတုံးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
(နယ်ပြီးရေခဲသေတ္တာတွင်တခါချက်အထုပ်လေးများထုပ်ပြီးသိမ်းထားပါကချက်ခါနည်းအဆင်သင့်မြန်ဆန်စွာချက်နိုင်ပါတယ်။နပ်ထားသောကြက်သားဖြင့်ကြက်ချဉ်စပ်၊ကြက်ပဲငပိ၊ကြက်ကုန်းဘောင်၊ကြက်မုန်ညင်းချဉ်၊စသဖြင့်ဟင်းပွဲများတွင်အသုံးပြုနိုင်ပါတယ်။)
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ် တစ်လက္မအရှည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)


(၂)ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ပဲငပိထည့်ပါ။(မွှန်ပါတယ်)ကြက်သားထည့်ကြော်ပါ။
(၃)ကြက်သားအရောင်ပြောင်းပါကကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။နည်းနည်းဆီထည့်ပါ။
(၄)ကြက်သားကျက်ပါကအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခ၇မ်းချဉ်သီး၊ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)


လေးစားလျှက်..crd. sofia

ထမင်းမြိန်စေမဲ့ကြက်ပဲငပိဆိုင်ဟင်းလေးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ 😛 ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။


ပါဝင်ပစ္စည်း
******
ကြက်သား – လက်တစ်ဆုပ် ၁၅၀ ဂရမ် (ပုဇွန်၊ငါး၊အမဲသား)
ကြက်သွန်နီ – အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း – တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် – တစ်ဇွန်း
ကော်မှုန့် – တစ်ဇွန်း
ပဲငပိအစပ် – တစ်ဇွန်း စားပွဲတင်
(ဈေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသည်)
ခရမ်းချဉ်သီး -တစ်ခြမ်း
ကြက်သွန်မိတ် – ၂ပင်
ငရုပ်သီးစိမ်းနီ – ၃ တောင့်
ဆီ – လိုသလောက်


ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမကြက်သားကိုအတုံးသေးသေးတုံးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
(နယ်ပြီးရေခဲသေတ္တာတွင်တခါချက်အထုပ်လေးများထုပ်ပြီးသိမ်းထားပါကချက်ခါနည်းအဆင်သင့်မြန်ဆန်စွာချက်နိုင်ပါတယ်။နပ်ထားသောကြက်သားဖြင့်ကြက်ချဉ်စပ်၊ကြက်ပဲငပိ၊ကြက်ကုန်းဘောင်၊ကြက်မုန်ညင်းချဉ်၊စသဖြင့်ဟင်းပွဲများတွင်အသုံးပြုနိုင်ပါတယ်။)
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ် တစ်လက္မအရှည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)


(၂)ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ပဲငပိထည့်ပါ။(မွှန်ပါတယ်)ကြက်သားထည့်ကြော်ပါ။
(၃)ကြက်သားအရောင်ပြောင်းပါကကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။နည်းနည်းဆီထည့်ပါ။
(၄)ကြက်သားကျက်ပါကအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခရမ်းချဉ်သီး၊ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)


လေးစားလြှကျ..crd. sofia

Leave a Reply

Your email address will not be published.