နေ့တိုင်းခေါက်ဆွဲခြောက်စားပြီး အိမ်သာနှင့်နေစရာတစ်ဆက်ထဲဖြစ်နေသည့် အခန်းကျဥ်းလေးထဲမှာနေထိုင်ပြီး ပညာတတ်ဘွဲ့ရဖြစ်အောင်ကြိုးစားခဲ့သည့် လူငယ်လေး

Lifestyle

ကမ္ဘာပေါ်ရှ်ိလူသားတိုင်းကတော့ မွေးဖွားလာသည့်အချိန်မှစကာ ငွေကြေးချမ်းသားခြင်းနှင့် အောင်မြင်မှုတွေကို ပိုင်ဆိုင်နေကြတာမဟုတ်ပေ။

ကြမ်းတမ်းခပ်ထန်လှသော ဘဝ၏ဒုက္ခတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ကြိုးစားမှုတွေကသာ အောင်မြင်ခြင်းဆီသို့ရောက်ရှိစေတာဖြစ်တာဖြစ်ပါတယ်။

ကြိုးစားမှုမရှိသောလူတစ်ဦးအတွက် အောင်မြင်ခြင်းဆိုသော နေရာတစ်ခုပင်မရှိပေ။ယခုတွင်တော့ ဗီယက်နမ်နိုင်ငံမှ ကျောင်းသားလေးတစ်ဦးသည် ငွေကြေးပြည့်စုံသူမဟုတ်ဘဲ ကျောင်းတက်ဖို့အတွက်ပင် ငွေကြေးခက်ခဲနေသူဖြစ်ပါတယ်။

ထို့ကြောင့်လူငယ်လေးဟာ အိမ်သာရောနေစရာပါ တစ်ခန်းထဲဖြစ်နေသည့် အခန်းကျဥ်းလေးကိုသာငှားရမ်းပြီးနေထိုင်နေခဲ့ပါတယ်။

ထို့အပြင် ခေါက်ဆွဲခြောက်ကိုသာနေ့စဥ်စားသုံးပြီး ပညာတွေကို လေ့ကျင့်ကျက်မှတ်ရင်း ဘွဲ့ရတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)
Crd

Leave a Reply

Your email address will not be published.